ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ ပီအက်စ်ဂျီ ဒေါ့မွန် ဘိုင်ယန်မြူးနစ်နှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ တက်ရောက်

 

ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်သို့ ပီအက်စ်ဂျီ ဒေါ့မွန် ဘိုင်ယန်မြူးနစ်နှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ တက်ရောက်

ချန်ပီယံလိဂ်ပြိုင်ပွဲ  ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များ အပြီးတွင် အင်္ဂလန်ကလပ်အသင်းများ ထွက်ခွာခဲ့ရပြီး  ဆီမီးဖိုင်နယ်အဆင့်သို့ ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်နှင့်     ရီးယဲလ်မက်ဒရစ်အသင်းတို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ဒုတိယ အကျော့ပွဲစဉ်များတွင် ဒေါ့မွန်အသင်းနှင့်   အက်သလက်တီကိုအသင်းတို့ကစားရာ   ဒေ့ါမွန်အသင်းက အိမ်ကွင်း၌    ၄ ဂိုး -၂ ဂိုးဖြင့်    အနိုင်ရရှိသည့်အတွက်  နှစ်ကျော့ပေါင်းရလဒ်   ၅ ဂိုး-၄ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ဘာစီလိုနာအသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်တွင် ဘာစီလိုနာအသင်းက အဝေးကွင်း၌ ပီအက်စ်ဂျီအသင်းကို  ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိသော်လည်း  အိမ်ကွင်း၌   အံ့အားသင့်ဖွယ်  ၄ ဂိုး-

၁ ဂိုးဖြင့်    ဂိုးပြတ်ရှုံးနိမ့်သည့်အတွက်    ပီအက်စ်ဂျီအသင်းက နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး -၄ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် အဆင့်သို့  တက်ရောက်နိုင်ခဲ့သည်။

အလားတူ ဘိုင်ယန်မြူးနစ်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်တွင် ပထမအကျော့က အာဆင် နယ်အသင်းအိမ်ကွင်း၌ နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ် ခဲ့သော်လည်း  ဘိုင်ယန်မြူးနစ်အသင်း  အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ် အသင်းက ကင်မစ်ချ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့်   အနိုင်ရရှိကာ   နှစ်ကျော့ပေါင်းရလဒ်   ၃ ဂိုး-၂ ဂိုးဖြင့်   ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

မန်စီးတီးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ပွဲစဉ်၌    ပထမအကျော့တွင်   ရီးယဲလ်မက်ဒရစ်အသင်း အိမ်ကွင်း၌ သုံးဂိုးစီသရေနှင့်ဒုတိယအကျော့တွင်လည်း      တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ကာ အချိန်ပို မိနစ် ၃၀ တွင်လည်း  ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပယ်နယ်တီကန်သွင်းခဲ့ရာ မန်စီးတီးအသင်းက   နှစ်ကြိမ်လွဲချော်ပြီး   ရီးယဲလ်မက်ဒရစ်အသင်းက     တစ်ကြိမ်သာလွဲချော်ခဲ့သည့်အတွက် ရီးယဲလ်မက်ဒရစ် အသင်းက  ၄ ဂိုး-၃ ဂိုးဖြင့် အနိုင်ရရှိကာ   ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။         

Ref;Fotmob.com

Dates: 
Thursday, November 7, 2024 - 07:06