တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာ တက္ကသိုလ် သင်တန်းသူ အမျိုးသမီးများ အလိုရှိသည်
၁။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံရမည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။
(ခ ) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် အသက်(၁၇)နှစ်အောက် မငယ်ရ၊ (၂၀)နှစ်ထက်မကြီးရ။
(ဂ ) ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။
(ဃ) အနည်းဆုံးအရပ်(၅)ပေ(၃)လက်မ၊ ကိုယ်အလေးချိန်ပေါင် (၁၀၀)ထက် မနည်းရ၊ ပေါင်(၁၃၀)ထက်မကျော်ရ။ (အထက်ပါအတိုင်း ကိုယ်အလေးချိန် သတ်မှတ် ထားသော်လည်း အသက်ငယ်ရွယ်သူများဖြစ်သဖြင့် ကိုယ်အလေး ချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပါမည်။)
(င ) မျက်မှန်တပ်ဆင်ထားသူ မဖြစ်စေရ။
၂။ လျှောက်လွှာများအား နီးစပ်ရာ တပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ Myawady Webportal (www.myawady. net.mm/nurse(female))တွင် Download ရယူ၍ဖြစ်စေ အောက်ပါစာရွက်စာတမ်းများနှင့်အတူ ၁၆-၁၀-၂၀၂၄ ရက်နေ့မှစ၍ ၁၈-၁၁-၂၀၂၄ ရက်နေ့အတွင်း နီးစပ်ရာ တပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-
(က) နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
(ခ ) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်။
(ဂ ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ တင်ပြသည့် နေ့မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ(မူရင်း)။
(ဃ ) တစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။
(င ) အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)မိတ္တူ။ (စ ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။
၃။ သင်တန်းဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲအတွက် အင်္ဂလိပ်စာနှင့် ဇီဝဗေဒဘာသာတွဲတို့ကို တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုး ညွှန်းတမ်းအတိုင်း အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ နေပြည်တော်၌ ၁-၁၂-၂၀၂၄ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။ (မေးခွန်းနမူနာပုံစံများအား Myawady Webportal (www.myawady. net.mm/nurse(female))တွင် ဝင်ရောက်လေ့လာနိုင်သည်။)
၄။ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် ၁၁-၁၂-၂၀၂၄ ရက်နေ့မှ ၁၇-၁၂-၂၀၂၄ ရက်နေ့အတွင်း တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေး ခံရမည်။ တပ်မတော်ဗိုလ်ရွေးအဖွဲ့မှ စစ်ဆေးအောင်မြင်သူများကို စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးစစ်အောင်မြင်သူများကို သင်တန်းသူအဖြစ် အတည်ပြုရွေးချယ်မည်။
၅။ သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ်(၁၆၈၀၀၀)ကျပ်၊ ဒုတိယနှစ်(၁၇၄၀၀၀)ကျပ်၊ တတိယနှစ်(၁၈၀၀၀၀)ကျပ်၊ စတုတ္ထနှစ် (၁၈၆၀၀၀)ကျပ် ရရှိမည်။ ၆။ သင်တန်းအောင်မြင်ပြီးလျှင် မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် အောက်ပါဘွဲ့များ အပ်နှင်းပေးမည်-
(က) သူနာပြုသိပ္ပံဘွဲ့ B.N.Sc(Bachelor of Nursing Science)
(ခ ) ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ B.Pharm(Bachelor of Pharmacy)
(ဂ ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဆေးဘက်ဆိုင်ရာဓာတ်ခွဲနည်းပညာ) B.Med.Tech(Medical Laboratory Technology)
(ဃ) ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှု နည်းပညာ) B.Med.Tech(Physiotherapy)
(င ) ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ)B.Med.Tech(Medical Imaging Technology)
(စ ) ခြေတုလက်တုနှင့်အားပြုကိရိယာနည်းပညာသိပ္ပံဘွဲ့ B.Med.Tech(Prosthetics and Orthotics)
၇။ သင်တန်းပြီးမြောက် အောင်မြင်သောအခါ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တွင် သူနာပြု(Nurse)နှင့် ဆေးဘက်ကျွမ်းကျင်သူများအဖြစ် ခန့်အပ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက မိမိတို့သင်ယူခဲ့သည့် ဘာသာရပ်အလိုက် မဟာသိပ္ပံဘွဲ့ (Master of Science) နှင့် ပါရဂူဘွဲ့(Ph.D)သင်တန်းများ တက်ရောက်ခွင့်ရရှိမည်။
၈။ တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့တွင် သူနာပြု(Nurse)/ ဆေးဘက်ကျွမ်းကျင်သူ (တတိယတန်း) အမှုထမ်းသက်(၁)နှစ်၊ အထက်တန်းသူနာပြု/ ဆေးဘက်ကျွမ်းကျင်သူ (ဒုတိယတန်း)အမှုထမ်းသက်(၂)နှစ်၊ စုစုပေါင်း ၃ နှစ် ပြည့်မြောက်ပြီး သက်ဆိုင်ရာ တို့မှ ပြန်တမ်းဝင်အရာရှိအဖြစ် အဆင့်တိုးမြှင့်ပေးရန် ထောက်ခံတင်ပြလျှင် ဒုတိယဗိုလ်(အထက်တန်း သူနာပြု/ကျွမ်းကျင်သူ (ဒုတိယတန်း))အဖြစ် စတင် ခန့်အပ်ပေးမည်။
မှတ်ချက်။ အသေးစိတ် သိရှိလိုပါက မိမိတို့လျှောက်လွှာ ထုတ်ယူခဲ့သည့် တပ်/ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်သည်။