တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားအသင်းအဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းကြေညာချက်
ရက်စွဲ၊၂၀၂၄ခုနှစ်၊နိုဝင်ဘာလ ( ၁၁ )ရက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပသည့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် အထူးကောင်းမွန်သည့် အကျိုးကျေးဇူးရလဒ်များအား ရယူနိုင်ခဲ့ ခြင်း၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခြင်းတို့အတွက် တရုတ်နွယ်ဖွား မြန်မာနိုင်ငံသား အသင်းအဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း သတင်းထုတ်ပြန်ကြေညာ အပ်ပါသည်။
တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားအသင်းအဖွဲ့များကိုယ်စား
မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်
ရန်ကုန်ယူနန်လူမှုကူညီရေးအသင်း
ဟုတ်ကြန့် (ဖူကင်)တရုတ်အမျိုးသားအသင်း
ကောင်းတုံကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း