ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၏ အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်းထုတ်ပြန်ချက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၏ အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်းထုတ်ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၈)ကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီး အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်းတို့အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

 

 

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)

အလုပ်အမှုဆောင်အဖွဲ့

Dates: 
Monday, November 11, 2024 - 17:00