ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား အမယ်(၃)မျိုးနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား အမယ်(၃)မျိုးနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်

နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာလ - ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား အမယ်(၃)မျိုးနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့များ အတွက် ဆန်၊ ဆီ၊ ဆား အမယ်(၃)မျိုးနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

        

        

Dates: 
Monday, November 11, 2024 - 17:05