ရာဂိလောက်တော့ ပျင်းတောင်ပျင်းသေးတယ်

ရာဂိလောက်တော့ ပျင်းတောင်ပျင်းသေးတယ်
 

“ကိုအောင်ရေ မနက်စော‌စော ငါ့ကိုဖုန်းဆက်ပြီး ခေါ်တာ ဘာအကြောင်းထူးလို့လဲ။ မင်းနဲ့ ဖုန်းက တိုက်ရိုက်မရတော့ ပြန်မေးမနေတော့ဘဲ အရေးကြီး တယ်ထင်လို့ ငါလာခဲ့တာ။ ကဲ ပြောစမ်းပါဦး။ ဘာများ အရေးကြီးလို့လဲ။”

မနက်၆နာရီခွဲလောက်ကျွန်တော်ဖုန်းဆက်လိုက်သဖြင့် ၇ နာရီကျော်ကျော်တွင် ကျွန်တော့်အိမ် သို့အစ်ကိုကြီးရောက်လာခြင်းဖြစ်သည်။မောကြီးပန်းကြီးအသံဖြင့်  အစ်ကိုကြီးပြောလာခဲ့သဖြင့် အားတော့နာပါသည်။သို့သော်လည်းကျွန်တော့်စိတ်ကအလုပ်တစ်ခုကို အချိန်မဆွဲဘဲ ချက်ချင်း လုပ်လို၍ ခေါ်လိုက်ခြင်းဖြစ်ပါသည်။

“အရေးကြီးတယ်လေ အစ်ကိုကြီးရဲ့။  မနေ့တုန်းက ရေကြီးနစ်မြုပ်တဲ့မြေတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဝန်ကြီးဌာနကဝန်ထမ်းတွေမြေဆီလွှာတွေစမ်းသပ်စစ်ဆေးတာ မြို့နယ်အလိုက်၊ မြေအလိုက်၊ မြေဆီလွှာပြောင်းလဲသွားတာ။ ပါဝင်တဲ့ ဓာတ်သတ္တု၊ ပါဝင်မှုအနေအထား၊ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနကစစ်ဆေးနေတာ။ အဲပြီးတော့ရာဂိမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်တာကို အန်တုပြီးကျွန်တော်တို့တောင်သူတွေချက်ချင်းမြေပြင်လို့ရတဲ့နေရာမြေပြင်။ စိုက်လို့ရတဲ့နေရာ ပြန်ပြီးစိုက်တာ။

အဲဒီစိုက်ပျိုးနေတဲ့တောင်သူတွေကိုကျွန်တော်တစိုက်ပျိုးရေးဝန်ထမ်းတွေက လိုအပ်တာတွေ ဝိုင်းပြီး ကူညီပေးနေတာ။မျိုးစေ့၊မြေဩဇာနဲ့လုပ်သင့်တဲ့အကြံဉာဏ်တွေ ပေးနေတာ။”

“ကနေ့ အစ်ကိုကြီးကို ထပ်ပြီးပြောချင်တာက ရေကြီးနစ်မြုပ်တဲ့မြေတွေမှာရှိနေတဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ကြွင်းတွေကိုဘယ်လိုလျော့နည်းအောင်လုပ် မယ်ဆိုတဲ့ကိစ္စ။ ပြီးတော့ ရေကြီးနစ်မြုပ်တဲ့မြေတွေ မှာအာဟာရဓာတ်တွေပြန်လည်ဖြည့်ဆည်းဖို့ဆောင်ရွက်ရမယ့်နည်းလမ်းနဲ့ အခုဆောင်းအမီ ပြန်ပြီးစိုက်ကြမယ့် မတ်ပဲ၊ ပဲပုပ်၊ ပဲတီစိမ်း၊ နေကြာနဲ့မြေပဲ။
 
ဒီသီးနှံတွေဖြစ်ထွန်းအောင်မြင်အောင်၊အထွက်တိုးအောင်လုပ်သင့်တဲ့နည်းလမ်းတွေ။ဒါတွေကို ဘယ်လို လုပ်သင့်တယ်။ လုပ်ရမယ်ဆိုတာ အစ်ကိုကြီးကတစ်ဆင့်ပြောပြချင်လို့ အစ်ကိုကြီးကိုဖုန်းဆက်ပြီး လှမ်းခေါ်လိုက်တာ။” “အေး ကောင်းပါပြီကွာ။ ငါ့ညီကတော့ အချိန်ပြည့် အလုပ်ထဲစိတ်ဝင်စားနေပြီး တောင်သူတွေ အကျိုး စီးပွားအတွက် အမြဲတွေးပြီး အလုပ်လုပ်နေလို့ မင်းကို ညီအစ်ကိုချင်းတောင် မချီးကျူးဘဲ မနေနိုင် တော့ဘူး။” အစ်ကိုကြီး မြှောက်ပြောနေမှန်းသိသော်လည်း ကျွန်တော်ကျေနပ်မိပါသည်။ ကျွန်တော်တို့ ဝန်ထမ်းတွေအပင်ပန်းခံ၍အလုပ်လုပ်နေသည်ကိုအသိ အမှတ်ပြု၍လည်း ကျေနပ်မိသည်။

“ကဲ အစ်ကိုကြီးရေ ကိုယ့်ငါးချဉ်ကိုယ်သိပ်ပြီး ချဉ်မနေနဲ့ဦး။ ကျွန်တော် ဟိုတစ်နေ့ကပြောသလို ရေကြီးနစ်မြုပ်တဲ့နေရာတွေမှာတွေ့ရတဲ့အန္တရာယ် ရှိတဲ့ ဓာတ်ကြွင်းတွေကတော့ ခဲ၊ ကက်ဒ်မီယမ်၊ ခရိုမီယမ်၊နီကယ်၊အာဆင်းနစ်နဲ့မာကျူရီတို့ဖြစ်ပါတယ်။ ဒီဓာတ်ကြွင်းတွေကသတ်မှတ်တဲ့ပမာဏထက်ပိုပြီးပါရင်စိုက်ပျိုးတဲ့အပင်တွေအတွက် အန္တရာယ်ရှိသလို   အလုပ်လုပ်တဲ့ကျွန်တော်တို့ တောင်သူတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။” “အထူးသဖြင့်အာဆင်းနစ်။အာဆင်းနစ်က မြေကြီးထဲမှာ မြေပမာဏ အဆတစ်သန်းမှာ ၂ဝ ဆ ထက်ပိုပြီးမပါဝင်သင့်ဘူး။ကျွန်တော်တို့အခေါ်တော့ (20 ppm= 20 part per million) ထက် ပိုပြီးမပါသင့်တာပေါ့။ ပိုပြီးပါရင်အန္တရာယ်ရှိပါတယ်။ အာဆင်းနစ်ပါဝင်မှုလျော့ကျစေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ ရေနဲ့ဆေးဖို့ပဲ။ ဆေးချလိုက်တဲ့ရေထဲမှာ ပါဝင်တဲ့ အာဆင်းနစ်ကိုလည်း လျော့နည်းသွားအောင် လုပ်ပြီးမှ စွန့်ပစ်ဖို့လိုပါတယ်။ အဲဒီလိုသွင်းရေနဲ့ ဆေးဖို့ အခက်အခဲရှိရင် အဲဒီ အာဆင်းနစ်အဆိပ်အတောက် ဖြစ်နေတဲ့သဲနုန်းတွေကိုစိုက်ပျိုးတဲ့သီးနှံအမြစ်ဆင်းတဲ့အနက်အထိ ဖယ်ရှားပစ်ရင်လည်းရတယ်။ အဲဒါမှ မဟုတ်အာဆင်းနစ်အဆိပ်အတောက်မဖြစ်တဲ့မူလမြေသားနဲ့ရောပေးခြင်းဖြင့် အာဆင်းနစ်ပါဝင်မှုကို လျော့ကျစေပါတယ်။ အဲ အလွယ်ကူဆုံးကတော့ သဘာဝမြေဆွေး၊ ကောင်းကောင်းဆွေးမြည့်နေတဲ့ နွားချေး၊ကြက်ချေး၊ဝက်ချေးစတဲ့တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေ၊ သစ်စိမ်းမြေဩဇာ၊ သစ်ရွက်ဆွေးတွေ၊ အပင်အကြွင်းအကျန်တွေနဲ့စက်ဖွဲပြာတွေကို တစ်ဧကကိုနှစ်တန်နှုန်း ထည့်ပေးခြင်းဖြင့် အာဆင်းနစ် ပါဝင်မှုကိုလျှော့ချပေးနိုင်ပါတယ်။

အာဆင်းနစ်အဆိပ်အတောက်ဖြစ်နေတဲ့မြေကနေကျန်တဲ့လယ်ကွက်တွေကို မပျံ့သွားစေဖို့ ကန်သင်း လုံအောငကန့်ထားပေးရပါတယ်။“နောက်ပြီးတော့အဲဒီမြေမှာသီးနှံပြန်ပြီးစိုက်မယ်ဆိုရင် မြေဆီလွှာ ထဲမှာရှိတဲ့အာဆင်းနစ်ကိုစုပ်ယူမှုအားနည်းတဲ့ဂျုံတို့၊ ပြောင်းတို့၊ ခရမ်းချဉ်၊ ငရုတ်၊ ဖရုံ၊ သခွားမွှေး၊ သခွား စတဲ့သီးနှံတွေ စိုက်ပျိုးသင့်သလို ပဲစိုက်မယ်ဆိုရင်လည်း ပဲပုပ်သီးနှံကို ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။ မုန်ညင်း၊ မုန်လာ၊ ဆလတ်၊ ကန်စွန်းရွက် စတဲ့ ရွက်စား ဟင်းသီးဟင်းရွက်တွေနဲ့ မုန်လာဥနီ၊ မုန်လာဥဖြူ၊ အာလူး စတဲ့ဥစားသီးနှံတွေကတော့ အာဆင်းနစ်စုပ်ယူမှုများတဲ့အတွက်မစိုက်ပျိုးသင့်ပါဘူး။”

“အေးကွာ မင်းပြောတဲ့ ဒီအချက်အလက်တွေက တို့တောင်သူတွေအတွက်ရော၊ စားသုံးသူပြည်သူတွေ အတွက်ပါ အတော်လေးတန်ဖိုးရှိတယ်ကွာ။ ဒါတွေကို မသိဘဲ စိုက်ပျိုးမိရင် တို့တောင်သူတွေစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုတို့ပြည်သူတွေကတော့ဝယ်ပြီးစားကြမှာပဲလေ။အဲဒီလိုဝယ်ပြီးစားမိရင်  အစာလည်းဆေး ဆေးလည်းအစာ” မဖြစ်ဘဲ အစာအဆိပ် သင့်ဖြစ်မှာသေချာတယ်။ အေး မင်းပြောတဲ့ အချက်တွေ တို့တောင်သူတွေသိဖို့ တကယ်လိုအပ်တယ်။”အစ်ကိုကြီးက သူ့အမြင်ကို ကြားဖြတ်ဝင်၍ ကောက်ချက်ချလိုက်သည်။ 

“ဟုတ်တယ်လေ အစ်ကိုကြီးရဲ့၊ ကျွန်တော်တို့ တောင်သူတွေက မြန်မြန်ပြန်ပြီးစိုက်၊ မြန်မြန်ပြန်ပြီး ငွေပေါ်၊မြန်မြန်ပြန်ပြီးပိုက်ဆံရချင်မှာပဲလေ။အဲဒါပေမဲ့ ငွေမြန်မြန်ပြန်ပြီးပေါ်ဖို့၊ ပိုက်ဆံရဖို့ထက် ဘေးအန္တရာယ်ကင်းရှင်း ဖို့ကအရေးကြီးတယ်။ ဒါ့ကြောင့်အစ်ကိုကြီးကို ကျွန်တော်ဖုန်းဆက်ပြီး ခေါ်မိတာ နားလည်ပေးပါ။” ကျွန်တော်ကတစ်ဆက်တည်းတောင်းပန်လိုက်သည်။

“မင်းရဲ့စေတနာကိုနားလည်ပေးပါတယ်ကွာ။ ဒါက တို့ပြည်သူအများအတွက်ပဲလေ။ ကဲ ရေကြီး နစ်မြုပ်တဲ့မြေတွေမှာအဆိပ်အတောက်ဖယ်ရှားတာတော့ဟုတ်ပါပြီ။ အဲ ဒါပေမဲ့ လျော့ပါးသွားတဲ့ အာဟာရဓာတ်တွေပြည့်ဝအောင် ဘယ်လိုထပ်ပြီး ဖြည့်ဆည်းပေးရမယ်ဆိုတာလည်း ပြောစမ်းပါဦး ကွာ။”ပြည်သူအများအတွက်ဆိုလျှင်အစ်ကိုကြီးကား စိတ်ပါလှ၍ ကျွန်တော် ကျေနပ်အားရမိသည်။

“အဲဒီတော့အစ်ကိုကြီးရ၊ကျွန်တော်ဟိုတစ်နေ့ပြောခဲ့သလို မြေဆီလွှာမှာသီးနှံတွေအတွက် အဓိက လိုအပ်တာက နိုက်ထရိုဂျင်(N)၊ ဖော့စဖရပ်(P)နဲ့ပိုတက်စီယမ်(K) ဓာတ်တွေပဲ။ အဲဒီတော့ ကျွန်တော် တို့မြေတွေကို ဓာတ်ခွဲတာက အဲဒီလိုအပ်တဲ့ဓာတ်ကို လိုအပ်ချက်အတိုင်း တွက်ပြီးထည့်ပေးဖို့ပဲ။ တပ်ကုန်းမြို့နယ်မှာ မတ်ပဲစိုက်မယ်ဆိုရင် စိုက်ချိန်နဲ့စိုက်ပြီး တစ်လမှာ အောင်မြေရိပ်သာ(၁)၊ ကင်းသာ(၂၊၃)၊ရှောက်ကုန်း(၂)၊ဘဲကုန်း၊သစ်တပ်၊နှမ်းတော၊နတ်သူရဲ၊ဇီးဖြူပင်၊ကျွန်းဦး၊  သနပ်ပင်ဆိပ် နဲ့ ဆင်သေရွာတွေမှာတစ်ဧကကိုယူရီးယား၃ဝကီလိုဂရမ် ထည့်ပေးဖို့လိုအပ်ပြီး   အောင်မြေရိပ်သာ(၂)၊ အနော်ရထာ၊လက်ပံပု၊ကင်းသာ(၁)၊မကျီးကုန်း၊ညောင်ပင်သာနဲ့ပိတောက်ချောင်တွေမှာ တစ်ဧက ကိုယူရီးယား၃၅ကီလိုဂရမ်ထည့်ရပါမယ်။ပိုတက်ရှ်က တော့ အောင်မြေရိပ်သာ(၁)၊ ကင်းသာ(၁)၊ မကျီး ကုန်း၊ညောင်ပင်သာနဲ့ပိတောက်ချောင်မှာ(၂၂)ကီလိုဂရမ်နှုန်း၊ အောင်မြေရိပ်သာ(၂)၊ ကင်းသာ(၂၊ ၃)၊ ရှောက်ကုန်း(၁)၊ ရှောက်ကုန်း(၂)၊ ဘဲကုန်း၊ သစ်တပ်၊ နှမ်းတော၊ နတ်သူရဲ၊ ဇီးဖြူပင်၊ ကျွန်းဦး၊ သနပ်ပင် ဆိပ်နဲ့ဆင်သေမှာမြေတစ်ဧကကိုပိုတက်ရှ်၁၅ကီလိုဂရမ်နှုန်းထည့်ရမှာဖြစ်ပါတယ်။

အနော်ရထာနဲ့လက်ပံပုမှာကထူးထူးခြားခြားပိုတက်ရှ်၃ဝ ဂရမ်ထည့်ပေးရပါမယ်။ တီစူပါကတော့ စိုက်ချိန်မှာ ထည့်ရမှာဖြစ်ပြီးအောင်မြေရိပ်သာ(၁)၊ကင်းသာ(၂၊ ၃)၊ ရှောက်ကုန်း(၁)၊ ဘဲကုန်း၊ သစ်တပ်၊ နှမ်းတော၊ နတ်သူရဲ၊ ဇီးဖြူပင်၊ ကျွန်းဦး၊ ညောင်ပင်သာနဲ့ပိတောက်ချောင်တွေမှာ တစ်ဧကကို ၆ဝ ကီလို
ဂရမ်ထည့်ရပါမယ်။

အောင်မြေရိပ်သာ(၂)၊ အနော်ရထာ၊လက်ပံပု၊ကင်းသာ(၁)၊မကျီးကုန်း၊သနပ်ပင်ဆိပ်နဲ့ ဆင်သေမှာ  တစ်ဧကက ၄၄ ကီလိုဂရမ် ထည့်ရမှာဖြစ်ပြီး ရှောက်ကုန်း(၂)မှာတော့တစ်ဧက ၄၁ ကီလိုဂရမ်ပဲ ထည့်ရပါမယ်။”

“တို့ တပ်ကုန်းမှာက မတ်ပဲပဲ စိုက်လို့ရသလား။ ကျန် ဘာပဲတွေလည်း စိုက်လို့ရသေးလဲ။” အစ်ကိုကြီးကသူသိချင်တာကိုဖြတ်ပြီးမေးလိုက်သည်။

“ပဲအမျိုးမျိုးကတော့အနည်းနဲ့အများဘယ်မြေမှာမဆို စိုက်လို့ရတာပေါ့အစ်ကိုကြီးရ။ အဲ ဒါပေမဲ့ ရေ၊ မြေနဲ့ရာသီဥတုအခြေအနေအရဖြစ်ထွန်းမှုနဲ့အထွက်နှုန်းပဲကွာတာပဲလေ။ကျွန်တော်တို့ နေပြည်တော် ကောင်စီနယ်မြေမှာ မတ်ပဲသာမကဘူး ပဲပုပ်၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ၊ သီးနှံအားလုံး စိုက်လို့ဖြစ်ထွန်းပါတယ်။ အထွက် နှုန်းကောင်းဖို့ကတော့ စောစောက ကျွန်တော်ပြောသလို ရေ၊ မြေ၊ ရာသီဥတု၊သွင်းအားစုထည့်ပေးမှုနဲ့ကျွန်တော်တို့တောင်သူတွေရဲ့ စိုက်ပျိုးသီးနှံအပေါ်မှာ အလေးထားမှု အဓိကပါပဲ။စိုက်ပျိုးရေးရော၊မွေးမြူရေးမှာပါဖြစ်ထွန်းအောင်မြင်ဖို့ဟာ လူသာပဓာန၊  ကျွန်တော်တို့ တောင်သူသာအဓိကပါ။ကျန်တဲ့ပဲတွေစိုက်ပျိုးရာမှာ ဘယ်မြေမှာ မြေဩဇာဘယ်လောက်ထည့်သင့် လဲဆိုတာ ကျွန်တော်ထပ်ပြီး ပြောပြပါ့မယ်။”

“အထူးသဖြင့်ပဲပုပ်စိုက်မယ်ဆိုရင်တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာ(၁)၊ ကင်းသာ၊ ရှောက်ကုန်း (၂)၊ ဘဲကုန်း၊ သစ်တပ်၊ နှမ်းတော၊ နတ်သူရဲ၊ ဇီးဖြူပင်၊ ကျွန်းဦး၊ သနပ်ပင်ဆိပ်နဲ့ ဆင်သေရွာတွေမှာ စိုက်ချိန်နဲ့စိုက်ပြီးတစ်လမှာတစ်ဧကကိုယူရီးယားမြေဩဇာ ၁၈ ကီလိုဂရမ်နဲ့ အောင်မြေရိပ်သာ(၂)၊ အနော်ရထာ၊လက်ပံပု၊ကင်းသာ(၁)၊မကျီးကုန်း၊ညောင်ပင်သာနဲ့ ပိတောက်ချောင်တွေမှာ ယူရီးယား မြေဩဇာတစ်ဧကကို ၂ဝ ကီလိုဂရမ် ထည့်ပေးရမှာ ဖြစ်ပါတယ်။”

“ပိုတက်ရှ်ကိုတော့အောင်မြေရိပ်သာ(၂)၊ကင်းသာ(၂၊၃)၊ရှောက်ကုန်း(၁၊၂)၊ဘဲကုန်း၊သစ်တပ်၊ နှမ်းတော၊ နတ်သူရဲ၊ဇီးဖြူပင်၊ကျွန်းဦး၊သနပ်ပင်ဆိပ်နဲ့ဆင်သေရွာတွေမှာတစ်ဧကကို ၁ဝကီလိုဂရမ် နှုန်း၊ အောင်မြေရိပ်သာ(၁)၊ ကင်းသာ(၁)၊ မကျီး ကုန်း၊ ညောင်ပင်သာနဲ့ ပိတောက်ချောင်ကျေးရွာ တွေမှာ ၂၇ ကီလိုဂရမ်နှုန်းနဲ့ အနော်ရထာနဲ့ လက်ပံပု ရွာမှာတော့ တစ်ဧကကို  ၃၆ ကီလိုဂရမ်နှုန်း ထည့်ဖို့ လိုပါတယ်။”

“တီစူပါကိုလည်း စိုက်ပျိုးတဲ့အချိန်မှာ အောင်မြေ ရိပ်သာ(၁၊ ၂)၊ အနော်ရထာ၊ လက်ပံပု၊ ကင်းသာ(၁)၊ မကျီးကုန်း၊ ကင်းသာ(၂၊ ၃)၊ ရှောက်ကုန်း(၁)၊ ဘဲကုန်း၊ သစ်တပ်၊ နှမ်းတော၊ နတ်သူရဲ၊ ဇီးဖြူပင်၊ ကျွန်းဦး၊ ညောင်ပင်သာနဲ့ ပိတောက်ချောင်တွေမှာ တစ်ဧက  ကို  ၃၄ ကီလိုဂရမ်နှုန်း၊ သနပ်ပင်ဆိပ်နဲ့ ဆင်သေမှာ ၁၈ ကီလိုဂရမ်နှုန်းနဲ့ ရှောက်ကုန်း(၂)မှာ ငါးကီလို ဂရမ်နှုန်းထည့်ရင် မြေအရည်အသွေးပြည့်ဝပြီး ပဲပုပ် အထွက်ကောင်းမှာဖြစ်ပါတယ်။”

“အဲ အစ်ကိုကြီးရေ။ ဒီနေရာမှာ ကျွန်တော်ပြော ချင်တာက ဓာတ်မြေဩဇာထည့်မယ်ဆိုရင် သဘာဝ မြေဩဇာဖြစ်တဲ့ မြေဆွေး၊ နွားချေး၊ ကြက်ချေး၊ သစ်ရွက်စိမ်းမြေဩဇာတွေနဲ့ရောပြီး ထည့်ပေးဖို့ လိုသလို  ပေါင်းမြက်ကင်းရှင်းဖို့လိုတယ်။ ပြီးတော့ အပင်ကနေ လေးလက်မခန့်အကွာမှာ ကြောင်းဆွဲပြီး ထည့်ပေးဖို့လိုပါ တယ်။ ပြီးတော့ ရွက်ဖျန်းမြေဩဇာ အဖြစ်  မိုနိုအမိုနီယမ်ဆာလဖိတ်(Mono-Ammo-ninum Sulphate(MPA))ကို ရေတစ်လီတာမှာ ၁၀ဂရမ်နှုန်း၊ တစ်ရာခိုင်နှုန်းဖျော်စပ်ပြီး ကိုင်းဖြာချိန်နဲ့သီးကင်းဝင်ချိန်တွေမှာ ဖျန်းပေးဖို့လိုပါတယ်။ ဆိုလို တာက သီးနှံတစ်ရာသီမှာ နှစ်ကြိမ်နှုန်းဖျန်းပေးခြင်းဖြင့် ပိုမိုအထွက်နှုန်းကောင်းမှာ ဖြစ်ပါတယ်။”

“အဲပြီးတော့ ပဲတီစိမ်းသီးနှံနဲ့ပတ်သက်ရင်လည်း နေပြည်တော်ကောင်စီနယ်မြေမှာ ပဲတီစိမ်းစိုက်မယ်ဆိုရင်တော့ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာ(၁)၊ ကင်းသာ(၂၊ ၃)၊ ရှောက်ကုန်း(၁၊၂)၊ ပုဗ္ဗသီရိနဲ့ ဇေယျာသီရိက ဘဲကုန်း၊ သစ်တပ်၊ နှမ်းတော၊နတ်သူရဲ၊ ဇီးဖြူပင်၊ ကျွန်းဦး၊ သနပ်ပင်ဆိပ်၊ ဆင်သေတွေမှာ စိုက်ချိန်နဲ့ စိုက်ပြီးတစ်လမှာ ယူရီးယား မြေဩဇာတစ်ဧက ၁၈ ကီလိုဂရမ်ထည့်ဖို့လိုပါတယ်။ အောင်မြေရိပ်သာ(၂)၊  အနော်ရထာ၊  လက်ပံပု၊ကင်းသာ(၁)၊ မကျီးကုန်း၊ ညောင်ပင်သာနဲ့ ပိတောက်ချောင်မှာတော့ တစ်ဧကကို ယူရီးယား ၂၀ ကီလိုဂရမ် ထည့်ရပါမယ်။ အဲ့ဒီလိုပဲ စိုက်ချိန်နဲ့စိုက်ပြီးတစ်လမှာ ပိုတက်ရှ်ကို ဘဲကုန်း၊ သစ်တပ်၊ နှမ်းတော၊ နတ်သူရဲ၊ဇီးဖြူပင်၊ ကျွန်းဦး၊ သနပ်ပင်ဆိပ်နဲ့ ဆင်သေတွေမှာ တစ်ဧက ၁၀ ကီလိုဂရမ်နှုန်း၊ အောင်မြေရိပ်သာ(၂) ကင်းသာ(၂၊ ၃)၊ ရှောက်ကုန်း(၁၊ ၂)တွေမှာ မြေတစ်ဧကကို ၁၃ ကီလိုဂရမ်နှုန်း၊ အောင်မြေရိပ်သာ(၁)မှာ   ၁၇  ကီလိုဂရမ်နှုန်းနဲ့  အနော်ရထာနဲ့လက်ပံပုမှာ  ၂၀ ကီလိုဂရမ်နှုန်း၊ ညောင်ပင်သာနဲ့ ပိတောက်ချောင်မှာ  ၂၇ ကီလိုဂရမ်နှုန်း ထည့်ပေးရပါမယ်။ အဲ့ဒီလိုပဲ စိုက်ချိန်မှာ တီစူပါကို သနပ်ပင်ဆိပ်နဲ့ဆင်သေမှာ တစ်ဧကကို ၁၈ ကီလိုဂရမ်နှုန်း၊ ရှောက်ကုန်း(၂) မှာ ၂၇ ကီလိုဂရမ်နှုန်း၊ ဘဲကုန်း၊ သစ်တပ်၊ နှမ်းတော၊ နတ်သူရဲ၊ ဇီးဖြူပင်၊ ကျွန်းဦး၊ ညောင်ပင်သာနဲ့ ပိတောက်ချောင်မှာ  ၃၄ ကီလိုဂရမ်နှုန်းနဲ့ အောင်မြေရိပ်သာ(၁၊ ၂)၊ အနော်ရထာ၊ လက်ပံပု၊ကင်းသာ(၁၊ ၂၊ ၃)နဲ့ ရှောက်ကုန်း(၁)မှာတစ်ဧကကိုတီစူပါ ၃၆ ကီလိုဂရမ်နှုန်း ထည့်ရပါမယ်။”

“မင်းဟာကလည်းကွာ။ မြေဩဇာထည့်တာပဲကင်းသာ(၁၊ ၂၊ ၃)တွေ၊  ရှောက်ကုန်း(၁၊ ၂) တွေနဲ့ရှုပ်နေတာပဲ။”အစ်ကိုကြီးက သူမရှင်းတာကို စိတ်ရှုပ်ဟန်ဖြင့် ဖြတ်၍ မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်ပါတယ် အစ်ကိုကြီး။ ကျွန်တော်တို့မြေနမူနာယူတာကိုက ရေ၊ မြေဆက်စပ်နေတဲ့ ကွင်းအလိုက်ယူတာပါ။ ဒီတော့ ကွင်းမတူရင် ပါဝင်တဲ့အာဟာရဓာတ်ကွာတယ်။ အဲ့ဒီအတွက်ကြောင့် လိုအပ်ချက်ကွာတာပါ။ အဲ့ဒီအတွက်ကြောင့် လိုအပ်ချက်ကိုတွက်ချက်ပြီးထည့်တာကြောင့်  အပိုအလိုမရှိ၊လေလွင့်မှုမရှိတာပေါ့။”“အေး ဟုတ်ပါပြီ ထားပါတော့။ ကဲ ဒါနဲ့ မြေပဲစိုက်ရင်လိုအပ်ချက်လေးပြောစမ်းပါဦး”“မြေပဲစိုက်မယ်ဆိုရင်တော့ ပုဗ္ဗသီရိ၊ ဇေယျာသီရိနဲ့  ပျဉ်းမနားမြို့နယ်မှာရှိတဲ့  ဘဲကုန်း၊ သစ်တပ်၊နှမ်းတော၊ နတ်သူရဲ၊ ဇီးဖြူပင်နဲ့  ကျွန်းဦးကျေးရွာတွေမှာ စိုက်ချိန်နဲ့စိုက်ပြီး တစ်လအချိန်မှာ တစ်ဧကကို ယူရီးယား ၂၂ ကီလိုနဲ့ ပိုတက်ရှ်ရှစ်ကီလိုထည့်ဖို့လိုပြီး စိုက်ချိန်မှာ တီစူပါ ၄ဝ ကီလိုထည့်ပေးဖို့လိုပါတယ်။ ပျဉ်းမနားနဲ့ လယ်ဝေးမှာရှိတဲ့ ညောင်ပင်သာနဲ့  ပိတောက်ချောင်မှာတော့  မြေပဲစိုက်ချိန်မှာယူရီးယား ၂၅ ကီလို၊ တီစူပါ ၄ဝ ကီလိုနဲ့ ပိုတက်ရှ်၁၅ ကီလိုထည့်ပေးရမှာဖြစ်ပြီး စိုက်ပြီးတစ်လမှာလည်း ယူရီးယား ၂၅ ကီလိုနဲ့ ပိုတက်ရှ် ၁၅ ကီလိုထပ်ပြီး ထည့်ပေးဖို့လိုပါတယ်။ ပျဉ်းမနား၊ သနပ်ပင်ဆိပ်နဲ့ဆင်သေမှာ မြေပဲစိုက်မယ်ဆိုရင်စိုက်ချိန်မှာယူရီးယား၂၂ ကီလို၊ တီစူပါ ၂၄ ကီလိုနဲ့ ပိုတက်ရှ်ရှစ်ကီလိုထည့်ရမှာဖြစ်ပြီး စိုက်ပြီးတစ်လမှာတော့ယူရီးယား ၂၂ ကီလိုနဲ့ ပိုတက်ရှ် ရှစ်ကီလိုထပ်ပြီးထည့်ပေးဖို့လိုအပ်ပါတယ်။”

“နေကြာစိုက်မယ်ဆိုရင်တော့ ဘဲကုန်း၊ သစ်တပ်၊နှမ်းတော၊ နတ်သူရဲ၊ ဇီးဖြူပင်၊ ကျွန်းဦး၊ သနပ်ပင်ဆိပ်နဲ့ဆင်သေတွေမှာ စိုက်ချိန်နဲ့စိုက်ပြီး တစ်လနဲ့ပန်းပွင့်ချိန်တွေမှာ ယူရီးယား ၅၈ ကီလိုနဲ့ ပိုတက်ရှ်ခြောက်ကီလိုထည့်ပေးရမှာဖြစ်ပြီး ညောင်ပင်သာနဲ့ ပိတောက်ချောင်မှာတော့ စိုက်ချိန်နဲ့စိုက်ပြီးတစ်လနဲ့ပန်းပွင့်ချိန်တွေမှာယူရီးယား ၆၅ ကီလိုနဲ့ ပိုတက်ရှ်၁၃ ကီလိုထည့်ပေးရမှာဖြစ်ပါတယ်။”

“မြေပြင်ချိန်မှာတော့ တီစူပါတစ်မျိုးပဲ ထည့်ဖို့လိုအပ်ပြီး ဘဲကုန်း၊ သစ်တပ်၊ နှမ်းတော၊ နတ်သူရဲ၊ဇီးဖြူပင်၊ ကျွန်းဦး၊ ညောင်ပင်သာနဲ့ ပိတောက်ချောင်ကွင်းတွေမှာ တစ်ဧကကို  ၃၄ ကီလိုဂရမ် ထည့်ဖို့လိုအပ်ပြီး ပျဉ်းမနားမြို့နယ် သနပ်ပင်ဆိပ်နဲ့ဆင်သေမှာတော့ တစ်ဧကကို ကီလိုဂရမ်  ၂၀ ပဲ ထည့်ရမှာဖြစ်ပါတယ်။”

“အေး ကိုအောင်ရ။ မင်းက နေပြည်တော်မှာရှိတဲ့ ရွာတွေကိုပဲဦးစားပေးနေပါလား။ ရေကြီးနစ်မြုပ်တာမှာ ရမည်းသင်းတို့ ပျော်ဘွယ်တို့လည်း ပါတယ်လေကွာ။ အဲဒီရွာတွေမှာ နေကြာစိုက်ရင်ရော မြေဩဇာဘယ်လိုထည့်ရမယ်ဆိုတာ ပြောပါဦးကွာ။”

အစ်ကိုကြီးက ရမည်းသင်းတို့ ပျော်ဘွယ်တို့အတွက် ကျွန်တော်ထည့်မတွက်ဟုထင်၍ မေးခြင်းဖြစ်ပါမည်။

“ကျွန်တော်တို့ စိုက်ပျိုးရေးအဖွဲ့တွက်ထားပြီးသားပါ အစ်ကိုကြီးရယ်။ ရမည်းသင်းမြို့နယ် ပေါက်ဆိုင်း၊ပဲ့ဆည်၊ ဆည်ကြီး၊  သိမ်ကုန်းနဲ့ ကျွဲတပ်ကျေးရွာတွေမှာ သဘာဝမြေဩဇာကို မြေပြင်ချိန်မှာ (၅-၁၀)ကီလိုနှုန်းထည့်ရမှာဖြစ်ပြီး ယူရီးယားမြေဩဇာ၇၅ ကီလိုကိုတော့ မြေပြင်ချိန်၊ အဖူးဝင်ချိန်နဲ့ ပန်းစပွင့်ချိန်မှာ သုံးကြိမ်ခွဲပြီး ကျွေးရမှာဖြစ်ပါတယ်။ ပျော်ဘွယ်မြို့နယ် ညောင်ရွှေ၊ ဝက်လက်၊  ကျောက်ဆည်နဲ့ရွှေညောင်ဖူးကျေးရွာတွေမှာတော့ မြေပြင်ချိန်မှာ တစ်ဧကကိုတီစူပါ ၂၅ ကီလို၊ ပိုတက်ရှ်၁၂ ဒသမ ၅ ကီလိုနဲ့ ဂျစ်ဆမ်(၅၀-၁၀၀) ကီလိုဂရမ်ကျွေးရမှာ ဖြစ်ပါတယ်။”“တကယ်လို့ ကွန်ပေါင်းမြေဩဇာသုံးမယ်ဆိုရင်တော့ မြေပြင်ချိန်မှာ(၁:၂:၁)အချိုးရှိတဲ့ ကွန်ပေါင်းမြေဩဇာ ၅၀ ကီလိုဂရမ်၊ အဖူးဝင်ချိန်မှာ (၁:၁:၁) အချိုးရှိတဲ့ မြေဩဇာ ၅၀ ကီလိုဂရမ်နဲ့ ပန်းပွင့်ချိန်မှာ (၁:၁:၂)အချိုးရှိတဲ့ မြေဩဇာ(၅၀-၁၀၀)ကီလိုဂရမ် ထည့်သွင်းအသုံးပြုသင့်ပါတယ်။ နေကြာအစေ့အဆန် အောင်မြင်ဖို့   ဘိုရွန်လိုအပ်တာဖြစ်တာကြောင့်ဆေးဖျန်းပုံးတစ်ပုံးကို  လက်ချားတစ်ဇွန်းနဲ့ ယူရီးယားလေးဇွန်းထည့်ဖျော်ပြီး  နေကြာတစ်ဧကကိုလေး၊ ငါးပုံးခန့် အဖူးဝင်ချိန်နဲ့ ပန်းစပွင့်ချိန်တွေမှာ လောင်းပေးသင့်ပါတယ်။”

“ကဲ ကိုအောင်ရေ - ဒီမနက်တော့ မင်းဖုန်းဆက်ခေါ်တာ ငါလာရကျိုးနပ်သွားပြီ။ မင်းပြောသလိုသာ တို့တောင်သူတွေ ရေကြီးနစ်မြုပ်တဲ့ စိုက်ခင်းတွေကို ပြုပြင်၊ လိုအပ်တဲ့ မြေဩဇာတွေ ထည့်၊ မျိုးကောင်းမျိုးသန့် ပဲ၊ နှမ်း၊ နေကြာတွေကိုသာ စိုက်လို့ကတော့အထွက်နှုန်းကောင်းမှာ သေချာတယ်လို့ ငါတော့ပြောချင်တယ်။”“ရာဂိမုန်တိုင်းကြောင့် တို့လယ်ယာမြေတွေ ရေနစ်ဆုံးရှုံးတာနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲနဲ့ ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင်လယ်ကွင်းတွေထဲဆင်းပြီး စစ်ဆေးကြည့်ရှုတယ်။ ဒုတိယဝန်ကြီးတွေ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ ကွင်းထဲဆင်းပြီး လိုအပ်တာတွေစစ်ဆေး၊  မြေဩဇာနဲ့မျိုးစေ့တွေပံ့ပိုးပေးတယ်။ တို့တောင်သူတွေလည်းမြေပြုပြင်တာတွေ၊ စိုက်ရေးပျိုးရေးတွေ အားကျိုးမာန်တက်ပြန်ပြီးလုပ်ကြတယ်။ အခုလို အစိုးရ၊ ဌာနဆိုင်ရာနဲ့ တောင်သူတွေ စုစုစည်းစည်း စုပေါင်းပြီးဆောင်ရွက်ကြတော့ တို့ငယ်ငယ်က မြန်မာကဗျာလက်ရွေးစင်မှာသင်ခဲ့ရတဲ့ “ဆရာဇော်ဂျီရဲ့ ရှေးခေတ်ပုဂံပြည်” ကဗျာထဲကလို “တစ်စိတ်ဝမ်း တစ်လက်ညီ၊ပြည်ရေးကို  ပြိုင်တူချီကြတော့ ပြည်တော်မြတ်ပဲ့တင်သံ ဘဝဂ်က ညံပါရော” တဲ့  ဆိုသလိုဖြစ်နေပြီပေါ့။“ဒီတော့ ပြီးခဲ့တဲ့ တစ်ပတ်က “ရာဂိကို အန်တုစံပြုထိုက်တဲ့ တို့ပြည်သူ”  လို့ မင်းက ပြောခဲ့တယ်။ဒီတစ်ပတ်တော့ ငါကမင်းကို အားကျမခံ  “ရာဂိလောက်တော့ ပျင်းတောင် ပျင်းသေးတယ်” လို့ ပြောချင်သဗျား။”

အစ်ကိုကြီးက သူ့စကားကိုသူ အဆုံးသတ်၍ တဟားဟားရယ်မောနေပါသည်။ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်၏ ရယ်မောသံက  ရာဂိကို ပျက်ရယ်ပြုနေသည်သို့သာ. . .။      ။