ရန်ကုန်၊ သီးနှံပို့ကုန်
မြန်မာ့သီးနှံငါးမျိုးဖြစ်သည့် နာနတ်သီး၊ အုန်းသီး၊ ဒူးရင်းသီး၊ ငှက်ပျောသီး၊ စွန်ပလွံသီး တို့ကို ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် (Phytosanitary Certificate-PC)မလိုဘဲ အင်္ဂလန်နိုင်ငံသို့ လွတ်လပ်စွာ တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူ၏ ပြောကြားချက်အရ သိရသည်။
“သီးနှံငါးမျိုးကို ပိုးမွှားကင်းရှင်းကြောင်း သက်သေခံ လက်မှတ်မလိုဘဲ တင်ပို့နိုင်ပါပြီ။ အင်္ဂလန်နိုင်ငံက မြန်မာနိုင်ငံနဲ့ဝေးတဲ့အတွက် သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ကိုတင်ပို့မယ်ဆိုရင် လတ်ဆတ်ဖို့ သင်္ဘောနဲ့တင်ပို့လို့မရဘူး။ လေယာဉ်နဲ့တင်ပို့မှရမယ်”ဟု ဦးကျော်သူက ပြောသည်။
ထို့ပြင် အင်္ဂလန်နိုင်ငံသို့ သရက်သီး၊ သင်္ဘောသီး စသည့်သီးနှံများ တင်ပို့ပါက PC လိုအပ်ပြီး စင်ကာပူနိုင်ငံသို့ သီးနှံများတင်ပို့ရာတွင် PC မလိုအပ်ကြောင်းနှင့် ဒူဘိုင်းနိုင်ငံသို့ တင်ပို့ ရာတွင် တချို့သီးနှံများကို PC ပေးရန် လိုအပ်သော်လည်း တချို့သောသီးနှံများကို PC ပေးရန် မလိုအပ်ကြောင်း သိရသည်။
နေနေ