မက်ဆီကို ဘာစီလိုနာအသင်း ထပ်ခါထပ်ခါလိမ်နေ

ဘာစီလိုနာ၊ အားကစား

၂ဝဝ၃ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ ဘာစီလိုနာအသင်းဥက္ကဋ္ဌလုပ်ခဲ့ပြီး ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပမည့် ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲ၌ ရွေးချယ်ခံရရန် ရေပန်းအစားဆုံးဖြစ်နေသော ဂျူအန်လာပေါ်တာက ဘာစီလိုနာ အသင်းသည် မက်ဆီအပေါ်ထပ်ခါထပ်ခါလိမ်နေ ကြောင်းနှင့် မိမိဥက္ကဋ္ဌဖြစ်လာပါက မက်ဆီကို အသင်းမှ ထွက်ခွာ မသွားစေရန် စွမ်းဆောင်နိုင်လိမ့်မည်ဟု ဖွင့်ဟပြောသည်။

မက်ဆီသည် ရာသီမစမီကတည်းက ဘာစီလိုနာမှ ထွက်ခွာလိုကြောင်းဖွင့်ပြော ခဲ့ပြီး ဥက္ကဋ္ဌဘာတိုမီယူက အလွတ် ထွက် ခွင့်မပေးဘဲ   စာချုပ်တစ်နှစ်ကျန်သေး၍ စာချုပ်ဖျက်ကြေးပေါင်သန်း ၆ဝဝ ကျော် ပေးနိုင်မှ  ထွက်ရမည်ဟု ပြောခဲ့သဖြင့် ယခု ရာသီ ဘာစီလိုနာတွင် နောက်ဆုံးကစား ပေးပြီး  အသင်းပြောင်းရန်  စီစဉ်နေရာ  ဇန်နဝါရီ ဈေးကွက်မှာပင် ကြိုက်ရာအသင်း နှင့် ကြိုတင်စာချုပ်ထားနိုင်မည်ဖြစ်သည်။

လာပေါ်တာက ''ဘာစီလိုနာက ဒီနှစ်ပိုင်းထဲ  အောင်မြင်နိုင်တဲ့အဆင့်မျိုးမရှိသလိုဖြစ်နေတာကို အသင်းက သူ့ကို  ထပ်ခါ ထပ်ခါလိမ်ခဲ့တယ်''ဟု ပြောသည်။                   

............