မိုနာကို၊ အားကစား
ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ကစားသမားဘဝတစ်လျှောက် ပြိုင်ဘက်ဖြစ်ခဲ့သည့် မက်ဆီရယူ ဖူးခြင်း မရှိသေးသော ရွှေခြေဖဝါးဆုကို ဒီဇင်ဘာ ၂၁ ရက်က ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါရွှေခြေဖဝါးဆုသည် ၂ဝဝ၃ခုနှစ်က စတင်ပေးအပ်သော ဆုဖြစ်ကာ အသက် ၂၈ နှစ်နှင့်အထက် ကစား သမား များကိုသာ ပေးအပ်ခြင်းဖြစ်ပြီး ကစားသမားတစ်ဦး အတွက် နှစ်ခါပြန်ပေးခြင်း မရှိသော ဂုဏ်ပြုဆု လည်းဖြစ် သည်။ ထိုဆုကို ဘက်ဂီယို၊ ဒယ်လ်ပီယာရို၊ ရော်နယ်ဒင်ဟိုတို့ရရှိခဲ့ကြပြီး ယခု အသက် ၃၅ နှစ်ရှိ ပြီဖြစ် သော စီရော်နယ်ဒိုသည်လည်း အဆိုပါဆုရရှိခဲ့သဖြင့် ကျေနပ်ဂုဏ်ယူစရာဖြစ်ခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်အတွင်း နိုင်ငံအသင်း နှင့် ဂျူဗင်တပ်စ်အသင်းအတွက် ၄၄ ဂိုး သွင်းယူပေးခဲ့ကာ ပြီးခဲ့သည့်ရာသီက စီးရီး အေဂိုးသွင်းဘုရင်လည်းဖြစ်ခဲ့သည့် စီရော် နယ်ဒိုက မိုနာကို၌ကျင်းပသည့် ဆုပေးပွဲ သို့ တက်ရောက်စဉ် ''ဘောလုံးသမိုင်းရဲ့ ထာဝရဂန္ထဝင်ကစားသမားကြီးတွေနည်းတူ ကျွန်တော် ဒီဆုလက်ခံရရှိနိုင်ခဲ့လို့ ဂုဏ်ယူ ပါတယ်။ မဲပေးခဲ့ကြတဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို အထူး ကျေးဇူးတင်မိပါတယ်''ဟု အင်စတာဂရမ်တွင် ရေးတင်ခဲ့သည်။
ရွှေခြေဖဝါးဆုကို ၂ဝ၁၉ ခုနှစ်က မိုဒရစ်၊ ၂ဝ၁၈ခုနှစ်က ကာဗာနီ၊ ၂ဝ၁၇ ခုနှစ်က ကာဆီးလက်စ်တို့ရရှိခဲ့သည်။