တံတွေးနှင့် ထွေးသူ မားကပ်စ်သူရမ် ခြောက်ပွဲ ပယ်ခံရ

ဂလာဘတ် ဒီဇင်ဘာ ၂၂

ဂလာဘတ်အသင်း တိုက်စစ်မှူး မားကပ်စ်သူရမ်သည် ပြိုင်ဘက်ဟော့ဖန် ဟိမ်းအသင်းမှ စတီဖန်ပို့ရှ်ကို တံတွေး ဖြင့် ထွေးခဲ့ မှုကြောင့် ဂျာမန်ဘောလုံး အဖွဲ့ချုပ်က ပြစ်ဒဏ်ချမှတ်လိုက်သည်။

ဒီဇင်ဘာ ၂ဝ ရက်က ဂလာဘတ် အသင်းသည် ဟော့ဖန်ဟိမ်းကိုရှုံးသည့် ပွဲတွင် သူရမ်က ပို့ရှ်မျက်နှာကို တံတွေး ဖြင့် ထွေးခဲ့ခြင်းဖြစ်ကာ မိမိသည် ထိုသို့လုပ်လေ့ရှိသောသူမဟုတ်ဘဲ လုပ်ရပ်အတွက် တောင်းပန်သည်ဟုဆိုခဲ့ သည်။ သို့သော် သူရမ်ကို ဂလာဘတ်အသင်းက  တစ်လတာလစာဖြတ်တောက်သည့်  ပြစ်ဒဏ်ပေးထားပြီးဖြစ်သ ကဲ့သို့  ဂျာမန်ဘောလုံးအဖွဲ့ချုပ်က  ခြောက်ပွဲပယ်ပြစ်ဒဏ်အပြင်  ဒဏ်ကြေးငွေပေါင် ၃၇ဝဝဝ ပါ ချမှတ်ကြောင်း  သိရသည်။