လန်ဒန်၊ ဘောလုံး
ချယ်လ်ဆီးအသင်းသည် ဒီဇင်ဘာ ၂၁ ရက်ညက ဝက်စ်ဟမ်းနှင့်ပွဲတွင် သီယာဂို ဆေးလ်ဗားက တစ်ဂိုး၊ အီဘရာ ဟမ်က နှစ်ဂိုး သွင်းသဖြင့် သုံးဂိုးပြတ်အနိုင်ရသော်လည်း ထိုပွဲတွင် ပေါင် ၅၃ သန်းတန် ဂျာမန်တိုက်စစ်မှူး တီမိုဝါ နာသည် ဂိုးမသွင်းနိုင်ဘဲ ကိုးပွဲ ဆက်ဂိုးပေါက်ပျောက်ဆုံးနေရာ ဝေဖန်မှုများရှိနေခြင်းကို ချယ်လ်ဆီး နည်းပြ လမ်းပတ် က စိုးရိမ်ပူပန်ခြင်းမရှိဟု တုံ့ပြန်ပြောဆိုခဲ့သည်။
တီမိုဝါနာသည် ပြီးခဲ့သည့်ရာသီက လိုက်ပ ဇစ်အတွက် ၄၅ ပွဲ၌ ၃၄ ဂိုးသွင်းပေးခဲ့သော်လည်း ချယ်လ်ဆီး၌ ၁၄ ပွဲကစား အပြီး ပရီးမီးယားလိဂ်သွင်းဂိုးလေးဂိုးသာသွင်းနိုင် သေးသဖြင့် လမ်းပတ်သည် ယခုနောက်ပိုင်းပွဲ များ၌ တီမိုဝါနာကို ဘယ်တောင်ပံတိုက်စစ် မှူးနေရာတွင် ကစားစေပြီး အီဘရာဟမ်နှင့် ဂီရော့ဒ်တို့နှစ်ဦးက အထောင် တိုက်စစ်မှူးများ အဖြစ် နေရာရရှိနေကြသည်။
ထိုဝေဖန်မှုများနှင့် ပတ်သက်၍ လမ်းပတ် က ''ကျွန်တော်ကတော့ မစိုးရိမ်ပါဘူး။ တိုက်စစ်မှူးတိုင်း ဂိုးသွင်း ချင်ကြ မှာပဲလေ။ သူ့ကို ခေါ်နိုင်ခဲ့တာ တကယ့်ကြီးမားတဲ့ ခေါ်ယူမှု ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေထဲ သူ့သွင်းဂိုး အရေအတွက်ကို ကြည့်ရင်သိမှာပါ'' ဟု ကာကွယ်ပြောဆိုခဲ့သည်။
..............