နေပြည်တော်၊ ဒီဇင်ဘာ-၂၃
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့်ပညာရေးအဖွဲ့ဝင်များ တက်ရောက် ကြသည်။
အခမ်းအနားအစီအစဉ်အရ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့်ပညာရေးအဖွဲ့ဝင်များ ပညာရေးအဖွဲ့ အစည်းအဝေးကျင်းပပြီး ဘွဲ့နှင်းသဘင်ခန်းမ သို့ ဝင်ရောက်ကာ သတ်မှတ်နေရာများတွင်နေရာယူကြပြီး နောက် နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက်ကျောင်း အုပ်ကြီးက ဘွဲ့နှင်းသဘင် ကျင်းပကြောင်းကြေညာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ သက်ဆိုင်ရာဌာန မှူးများကဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ပို့ဆောင်ခြင်းများကို အစီအစဉ်အတိုင်းဆောင် ရွက်ကြသည်။
ဆက်လက်၍ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့ ၆၀ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ နှစ်ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့(ဓာတ်ခွဲနည်းပညာ လေးဦး၊ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ ရှစ်ဦး၊ ခန္ဓာသန်စွမ်းမှုနည်းပညာ ရှစ်ဦး)စုစုပေါင်း ၈၂ ဦးတို့ကို ဘွဲ့လက်မှတ်များ အပ်နှင်းပြီး နောက် ကျောင်း အုပ်ကြီးက အဆောင်အယောင်အမှတ်လက္ခဏာဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်း သဘင်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနောက်ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်း ကြောင်းကြေညာကာ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှစတင်၍ ဘွဲ့နှင်း သဘင်အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာ ယနေ့အထိ သူနာပြုပါရဂူဘွဲ့ ၂၀ ဦး၊ ဆေးပညာ သင်ကြား ရေးဘွဲ့လွန်ဒီပလိုမာ ၂၄၁ ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၃၉၉ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ ၄၅ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာမဟာသိပ္ပံဘွဲ့ ၁၃၀ ဦး၊ သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၁၁၃ ဦး၊ ဆေးဘက် ဆိုင်ရာအသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာ ဒီပလိုမာဘွဲ့ ၁၄ ဦး၊ အထူးကြပ်မတ်သူနာပြုစုမှု ဒီပလိုမာဘွဲ့ ၂၁ ဦး၊ ခွဲစိပ်ခန်းသူနာပြုစုမှုဒီပလိုမာဘွဲ့ ၅၈ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၃၁၆၄ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ၂၀၉ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့ ၆၀၇ ဦး၊ စုစုပေါင်း ၅၀၂၁ ဦး တို့အား ဘွဲ့များအပ်နှင်းပေးခဲ့ပြီးဖြစ်ပါသည်။
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာ နည်းပြအရာရှိ များ နိုင်ငံတကာအဆင့်မီအတတ်ပညာများရရှိရေးအတွက် ပြည်ပသင်တန်းများ တက်ရောက်စေ လွှတ်ခဲ့ ရာ ၁၉၉၈ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူတစ်ဦး၊ ၁၉၉၉ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့ အတွက် သင်တန်းသူနှစ်ဦး၊ ၂၀၀၁ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူနှစ်ဦးနှင့် သူနာပြုမဟာသိပ္ပံဘွဲ့အတွက် သင်တန်းသူရှစ်ဦးတို့အား ဩစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ စေလွှတ်ပညာသင်ကြားစေခဲ့ပြီး အဆိုပါ သင်တန်းသူ ၁၃ ဦးအား အဆိုပါတက္ကသိုလ်မှ ဘွဲ့အပ်နှင်းသည့်အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင် စွာလက်ခံကျင်းပနိုင်ခဲ့သည်။ အလားတူ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့ တွင် သူနာပြုမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့ တက်ရောက်သင်ယူစေခဲ့ရာ ခြောက်ဦးအောင်မြင် ခဲ့ကြောင်းသတင်းရရှိသည်။