တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ သင်တန်း အမှတ်စဉ်(၁၈) နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၅)တို့မှ သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်း အခမ်း အနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ-၂၃

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ သင်တန်း အမှတ်စဉ်(၁၈)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၅) တို့မှ သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမ၌ကျင်းပရာ ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနှင့်တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးတို့သည် စင်မြင့်ထက်၌ နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူ တစ်ဦး ချင်းစီအား ဆေးဝန်ထမ်း တာဝန်ခန့်အပ်လွှာပေးအပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။