နေပြည်တော်၊ ဒီဇင်ဘာ - ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကလီ ဒြယ်ဘုရားကျောင်း(ဗဟိုကတ်သလစ်အသင်းတော်)၊ ရှမ်းစုတောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC နှင့် အလယ်ကုန်းရပ်ကွက်ရှိ ကချင်ပြည်နယ် လီဆူခရစ်ယာန် အသင်းတော်ချုပ်(အထက်မြန်မာပြည်)များသို့ ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အဖွဲ့ဝင်များက သွားရောက်၍ ခရစ္စမတ်ဆုတောင်း စကားနှင့် ခရစ္စမတ်လက်ဆောင်များ အသီးသီးပေးအပ်သည်။
ထိုသို့ ခရစ္စမတ်ဆုတောင်းစကားနှင့် ခရစ္စမတ်လက်ဆောင်များပေးအပ်ရာ စိန်ကိုလန်ဘန်ကလီ ဒြယ်ဘုရားကျောင်း (ဗဟိုကတ်သလစ်အသင်းတော်)မှ ဖာသာနော်ဒင့်၊ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် KBC အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန် နှင့် လီဆူခရစ်ယာန် အသင်းတော်ချုပ်(အထက်မြန်မာပြည်)မှ သိက္ခာတော်ရဆရာကြီး ဒေါက်တာ ဒေးဗစ်ဖစ်(ရှ်) တို့က အသီးသီးလက်ခံရယူကြပြီး ဆုတောင်းမေတ္တာများပို့သခဲ့ ကြောင်း သတင်းရရှိသည်။