နေပြည်တော်၊ ဒီဇင်ဘာ - ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက လောက်ကိုင်မြို့ရှိနယ်မြေခံတပ်နယ်ရိပ်သာ၌ သွားရောက်တွေ့ဆုံ အမှာ စကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့ပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ နယ်မြေခံရဲစခန်း၌ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါကာကွယ်ရေးအတွက် Mask ၄၀၀၀ ခု၊ Goggles ၁၀၀ ခု၊ PPE ဝတ်စုံ ၁၀၀ စုံ၊ Hand Spray ပေ ၂၀ ဖာနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။