တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၄

   

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်းသေနတ်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နယ်မြေခံ သင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

   

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်း ဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိသူများ၊ ဒိုင်းဆုရရှိသောအသင်းနှင့် ဒိုင်အဖွဲ့ဝင် များအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ကြသည်။

   

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ဒီဇင်ဘာ ၂၁ ရက်မှ စတင်ယှဉ်ပြိုင်ခဲ့ပြီး ပစ်ခတ်စဉ် ၁၄ မျိုး၊ ပြိုင်ပွဲစုစုပေါင်း ၁၂ မျိုးဖြင့် ယှဉ်ပြိုင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။