နေရပ်ပြန်အလုပ်သမားများကို စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၅    
COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် တာချီလိတ်မြို့၌  facility quarantine ထားရှိပြီးဖြစ်သော နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား ၅၆ ဦးတို့သည် ယနေ့နေ့လယ်ပိုင်းတွင် ၎င်းတို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တာကော်၊ ကွန်ဟိန်း၊ ခိုလမ်နှင့် နမ့်စန်မြို့များသို့ ဖြတ်သန်း၍ ပြန်လည်ထွက်ခွာကြ သည်။ 
    
အဆိုပါ နေရပ်ပြန်အလုပ်သမားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်မတော်သားများက ရေသန့်ဘူး၊ အအေးဘူးများ၊ ထမင်းဘူးများနှင့် လိုအပ်သည့် ကူညီပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။