ပြင်ဦးလွင်မြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (ပြင်ဦးလွင်)၌ ၄ ခန်းတွဲ ၆ ထပ်တိုက် ၂ လုံး အသစ်ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု

နေပြည်တော်၊ ဒီဇင်ဘာ - ၂၅    
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (ပြင်ဦးလွင်)၌ ၄ ခန်းတွဲ ၆ ထပ်တိုက် အသစ် ၂ လုံး ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့်အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုသည်။    
ဦးစွာ တိုင်းမှူးအား တာဝန်ရှိသူတစ်ဦးက အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (ပြင်ဦးလွင်)အကွက်ချပုံစံငယ်အား ပြသပြီး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း သည်။     
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (ပြင်ဦးလွင်)၌ အသစ်ဆောက်လုပ်ပြီးစီးခဲ့သည့် ၄ ခန်းတွဲ ၆ ထပ်တိုက် ၂ လုံးအား လိုက်လံ ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။