လေးမျက်နှာ၊ ကျန်းမာရေး
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့ ဗိုလ်ချုပ်လမ်းဆုံ၌ စက်ဘီး ချစ်သူများက ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ ပြည်သူ များကျန်းမာကြံ့ခိုင်စေရန် အသိပညာပေး စက်ဘီးစီးလှုပ်ရှားမှုကို ဒီဇင်ဘာ ၂၅ရက် နံနက်ပိုင်းတွင် ဆောင်ရွက် ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် မြို့နယ် အားကစားမှူး ဦးတေဇာမျိုးတို့က စက်ဘီးစီးနင်းရာ လမ်းတစ်လျှောက်တွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အသိပညာပေး စက်ဘီးစီးနင်းမှုကို အများ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ဖိတ်ခေါ်ကျင်းပခြင်းဖြစ်ပြီး လူတိုင်းကျန်းမာကြံ့ခိုင်ဖို့ စက်ဘီးစီး ကြစို့ ဆောင်ပုဒ်နှင့် အသိပညာပေး စက်ဘီးစီးနင်းမှုဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လေးမျက်နှာမြို့ ဗိုလ်ချုပ်လမ်းဆုံမှစ၍ ငါးသိုင်းချောင်း၊ ရေနံသာ၊ ပန်းတောကြီး၊ လေးမျက်နှာ- ပန်းတောကြီး မြစ်ကူးတံတား အထိ ငါးယောက်တစ်ဖွဲ့ ခွဲ၍ စီးနင်းကြသည်။
စက်ဘီးစီးလှုပ်ရှားမှုတွင် စက်ဘီးချစ်သူ ၂၄ ဦးဝင်ရောက် ဆင်နွှဲကြပြီး Covid-19 ရောဂါလမ်းညွှန် ချက်များနှင့် အညီ လူဦးရေ ကန့်သတ်ကာ စီးနင်းကြကြောင်းသိရသည်။
ကျော်ဟိန်း