မန်ယူအသင်းသည် ဒီဇင်ဘာ ၂၃ ရက်ညက အဲဗာတန်အသင်းနှင့်ကာရာဘောင်းဖလား ကွာ တားဖိုင်နယ်တွင် နှစ်ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားရာ ဆီမီးဖိုင်နယ်တွင် မန်ချက်စတာ ဒါဘီပြိုင်ဘက် မန်စီးတီးနှင့် ထိပ်တိုက်တွေ့ဆုံနေသည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲသုံးရပ်၌ ဆီမီးဖိုင်နယ် အဆင့်များမှ ထွက်ခဲ့ရပြီး ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်တွင်လည်း မန်စီးတီးကို ရှုံးနိမ့်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနှင့် ယူရိုပါလိဂ်ပြိုင်ပွဲ သုံးရပ်စလုံး ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရသည့်အတွက် ယခုနှစ်တွင် မိမိအသင်းသားများအနေဖြင့် ထို ဆီမီးဖိုင်နယ်တံတိုင်းကို ကျော်ဖြတ်ကာ ဆုဖလား ဖြင့် အောင်ပွဲခံနိုင်ရမည်ဟု စိန်ခေါ်စကားဆိုခဲ့ သည်။ ဆိုးလ်ရှားက ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီမှာ ဆီမီးဖိုင်နယ်သုံးပွဲ ကစားခဲ့ရတယ်။ ဒီရာသီလည်း မနှစ်ကလို လာပြန်ပါပြီ။ အခုပြန်တွေ့တော့ စောင့်ကြည့်ရသေးတာပေါ့ ဟု ကြုံးဝါး ပြောဆိုခဲ့သည်။
အဲဗာတန်နှင့်ပွဲတွင် ပွဲချိန် ၈၈ မိနစ်ရောက်မှ မန်ယူအသင်းအတွက် တိုက်စစ်မှူး ကာဗာနီ က ဦးဆောင်ဂိုးစသွင်းပြီး ဒုတိယအနိုင်ဂိုးကို ပွဲ ချိန် ၉၆ မိနစ်ရောက်မှ မာရှယ်က ထပ်မံသွင်းယူ ခဲ့ခြင်းဖြစ်သည်။ ကာဗာနီသည် အင်္ဂလန်သို့ရောက် ပြီးနောက် မန်ယူအတွက် ပထမဆုံးဂိုးကို အောက် တိုဘာလက အဲဗာတန်ကွင်းပွဲမှာပင် သွင်းယူခဲ့ ခြင်းဖြစ်ကာ ယခု အဲဗာတန်ဘက်သို့ ဂိုးထပ်မံ သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက ကာဗာနီက မန်ယူမှာ တာထွက်နှေးတယ်လို့ မထင်ပါဘူး။ အခုအရေးပါတဲ့ ဂိုးတွေကို သူသွင်းပေးနေတယ်။ သူ့ရဲ့ခြေစွမ်းတွေက ကောင်းသထက်ပိုကောင်းလာဦးမှာပါ ဟုပြောသည်။
ကာဗာနီသည် ပွဲချိန် မိနစ် ၅၀ ဝန်းကျင်တွင် အဲဗာတန်ကစားသမား ယာရီမီနာကို ဘောလုံး ကစားနေချိန်မဟုတ်ဘဲ လည်ပင်းကိုညှစ်ပြီး တွန်းလှဲချခဲ့သေးရာ ဘီဘီစီမှ ပွဲသုံးသပ်တင်ဆက်သူ ဂယ်ရီလိုင်နီကာက အနီကတ်ပြရမည့်လုပ်ရပ်ဟု ဝေဖန်ခဲ့သည်။
သို့သော် ဒိုင်လူကြီးက VAR စနစ် ပြန်မကြည့်သကဲ့သို့ အရေးယူမှုလည်းမလုပ်ခဲ့ပေ။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အဲဗာတန်နည်းပြ အန်ဆယ်လော့တီကလည်း စကားနည်းရန်စဲပုံစံသာ နေခဲ့ကြောင်း သိရသည်။
Ref:Dailymail