ဝက်စ်ဟမ်းအသင်းနည်းပြ မိုယက်စ်သည် ဇန်နဝါရီ ဈေးကွက်မဖွင့်မီမှာပင် ဒိန်းမတ်ကလပ် ဆီလ်ကီဘော့ဂ်အသင်းမှ ဒိန်းမတ် ယူ-၂၁ လက်ရွေးစင်ခံစစ်မှူး ဖရက်ဒရစ်အဲလ်ဗက်စ်ကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။
အဆိုပါခံစစ်မှူးသည် ဇန်နဝါရီ ၂ ရက်တွင် အသင်းသို့ ရောက်ရှိလာမည်ဖြစ်ကာ စီနီယာအသင်းကြီးသို့ တိုက်ရိုက်မခေါ်ယူမီ ယူ-၂၃ အသင်းတွင် ဦးစွာကစားစေမည် ဖြစ်ကြောင်း သိရသည်။ အဲလ်ဗက်စ် သည် ဆီလ်ကီဘော့ဂ် အသင်းကြီးနှင့် ပွဲအရေအတွက် ၄၈ ပွဲကစားထားသူဖြစ်ကာ အသက် ၂၁ နှစ်သာ ရှိသေးသော်လည်း အလားအလာကောင်းများ ရှိသည့်အတွက် ခေါ်ယူခဲ့ခြင်းဖြစ်ကာ ပြောင်းရွှေ့ကြေးကို ထုတ်ပြန် ခဲ့ခြင်းမရှိပေ။ အဲလ်ဗက်စ်သည် ဝက်စ်ဟမ်း အသင်းကြီး၌ နေရာရရန် အော့ဘွန်နာ၊ အစ်ဆာဒီအော့၊ ဘယ်လ်ဘူနာ၊ ခရိတ်ဒေါ်ဆင်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Ref:Dailymail