နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ် က အင်္ဂလန်တွင် ကူးစက်မှုပိုမြန်သော သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုမိုပျံ့နှံ့ လာမှုကြောင့် ပရီးမီးယားလိဂ်အနေဖြင့် လက်ရှိ တစ်ပတ်တစ်ကြိမ် COVID-19 ရောဂါပိုး ရှိ၊ မရှိ အသင်းတိုင်းအား စစ်ဆေးနေမှုအစား နှစ်ကြိမ်စစ်ရန် တိုက်တွန်းရာ ဝုဗ်အသင်းနည်းပြ နူနိုအက်စ်ပရစ်တိုကလည်း ထိုအဆိုကို ထောက်ခံခဲ့သည်။
ဘောလုံးပွဲများ ပြန်လည်စတင်ခါစတွင် တစ်ပတ်နှစ်ကြိမ် ဆေးစစ်ခဲ့သော်လည်း ယခုနောက်ပိုင်း အသင်းအများစုသည် ပွဲတော်ကာလအဖြစ် တစ်ပတ်သုံးပွဲအထိ ကစားနေရချိန် တစ်ပတ်တစ်ကြိမ်သာ ဆေးစစ်ခြင်းမှာ မလုံလောက်ဘဲ ကစားသမားများ ကူးစက်နိုင်ခြေပိုများလာနိုင်သည်ဟု နူနိုအက်စ်ပရစ်တိုက ထောက်ခံပြောကြားခဲ့ခြင်းဖြစ်သည်။ Ref:Dailymail