ရာသီဥတုမကြိုက်ခြင်းကသာ ဆာလက်ချ် လီဗာပူးမှ ထွက်လိုသော အကြောင်းဖြစ်နိုင်

ပြီးခဲ့သည့်တစ်ပတ်က  စပိန်သတင်းစာ  အေအက်စ်နှင့် အင်တာဗျူးရာတွင် ကစားသမားဘဝအိပ်မက်သည် ထိပ်သီး အသင်းများဖြစ်သော  ဘာစီလိုနာနှင့် ရီးယဲလ်၌ ကစားခွင့်ရရေး ဖြစ်သည်ဟု ပြောဆိုခဲ့သကဲ့သို့ မစ်ဂျေးလန်းနှင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင်    မိမိအား အသင်းခေါင်းဆောင် လက်ပတ်မပေးဘဲ  လူငယ်ကစားသမား အာနိုးကို ပေးခဲ့မှုအတွက် ဒေါသထွက်ခဲ့ရသည်ဟု ပြောသော  ဆာလက်ချ်သည်  ရာသီကုန် ချိန်တွင် စပိန်သို့ပြောင်းရွှေ့ ကစားဖွယ်ရှိသည်ဟု  သတင်းများ ထွက်ပေါ်နေသည်။ 

ထိုသတင်းများကို လီဗာပူးနည်းပြ ကလော့က မဖြစ်နိုင် သောသတင်းများဖြစ်ကြောင်းနှင့် ဆာလက်ချ်သည် လီဗာပူးမှ ထွက်ခွာလိုလျှင် အကြောင်းပြချက်ဆို၍ အင်္ဂလန်ရာသီဥတု ကို မကြိုက်သည့်အချက်သာ ရှိလိမ့်မည်ဟုပြောသည်။

ကလော့က ဆန္ဒရှိရင်တော့ ကျွန်တော်တို့က အခြေအနေအားလုံးကို ကြည့်ကြရမှာပေါ့။  ဒါပေမဲ့  လက်ရှိအချိန်မှာ ဆာလက်ချ်အနေနဲ့ လီဗာပူးမှာမနေချင်တဲ့အကြောင်းပြချက် ဆိုလို့ ရာသီဥတုကလွဲရင် တခြားမရှိပါဘူး ဟု ပြောသည်။    

Ref:Mirror