မန်ယူအသင်းသို့ စပို့တင်းလစ္စဘွန်းအသင်းမှ ပြောင်းရွှေ့ရောက်ရှိလာသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည့် ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ၂၀၂၀ ပြည့်နှစ်အတွင်း မန်ယူကစားသမားများအနက် ဂိုးအခွင့်အရေးဖန်တီးမှု အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကာ တစ်နှစ်အတွင်း ဂိုးအခွင့်အရေး ၁၁၆ ကြိမ်ဖန်တီး ပေးနိုင်ခဲ့သည်။ ဒုတိယ အများဆုံး ဂိုးအခွင့်အရေး ဖန်တီးနိုင်သူ မာတာသည် အကြိမ် ၅၀ သာ ဖန်တီး ပေးနိုင်ခဲ့ပြီး မာရှယ်က ၄၆ ကြိမ်၊ လုခ်ရှောက ၄၅ ကြိမ်၊ ရက်ရှ်ဖို့ဒ်က ၄၃ ကြိမ်ဖြင့် အသီးသီးရပ်တည်ခဲ့ကြသည်။
ဖာနန်ဒက်စ်သည် ယခုနှစ်အတွင်း မန်ယူအတွက် ကစားခဲ့သော ၄၂ ပွဲတွင် ဂိုးအခွင့်အရေး ၁၁၆ ကြိမ်ဖန်တီးပေးခဲ့ပြီး ဂိုးပေါင်း ၁၅ ဂိုး အထိရရှိခဲ့သည်။
ယခုရာသီတွင် မန်ယူအတွက် ပရီးမီးယားလိဂ် ၁၃ ပွဲကစားပေးခဲ့ပြီးဖြစ်ရာ ကိုးဂိုးသွင်းကာ ငါးဂိုးဖန်တီး ပေးထားနိုင်သော်လည်း ဖာနန်ဒက်စ်က မိမိအနေဖြင့် ရာသီသိမ်းချိန်တွင် ပွဲအရေအတွက်ထက် သွင်းဂိုးနှင့်ဂိုးဖန်တီးပေး နိုင်မှုများစွာ ရရှိစေရန် လိုအပ်နေသည်ဟုပြောသည်။
ဖာနန်ဒက်စ်က မန်ယူမှာ ကစားသမားကောင်းတွေ ကိုယ့်ဘေးအများ ကြီးဝန်းရံတည်ရှိနေလို့ ကစားရပိုလွယ်ကူ အဆင်ပြေမယ်လို့ ပြောခဲ့တာအကြိမ် မနည်းတော့ပါဘူး။ ရာသီသိမ်းချိန်မှာ ပွဲအရေအတွက်ထက် ဂိုးတွေ၊ ဂိုးဖန်တီး မှုတွေပိုများအောင် ကြိုးစားဖို့ လိုအပ်နေပါသေးတယ် ဟု ပြောသည်။
Ref:Dailymail