တစ်ပတ်တာ ကာလအတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ

တစ်ပတ်တာကာလအတွင်း  လယ်ယာထွက်ကုန်သီးနှံတွေဖြစ်တဲ့  ဆန်၊  စပါး၊  မတ်ပဲ၊  ပဲစင်းငုံနီ၊ ကုလားပဲ၊ ဗိုလ်ကိတ်ပဲ၊  ကြက်သွန်နီနဲ့ အာလူးတို့ရဲ့ ဈေးနှုန်းအတက်အကျတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆန်၊ စပါး

ဒီတစ်ပတ်မှာလည်း ဆန်၊ စပါးဈေး တွေ  ဆက်ပြီးတက်နေပါတယ်။ တချို့ ဆန်၊ စပါးတွေ ဈေးကွက်ထဲမှာ ဈေး ငြိမ်သွားပေမယ့်  တချို့ဆန်၊ စပါးတွေက နယ်ဈေးကွက်က အဝယ်များတဲ့အတွက်  ဆက်တိုက်ဈေးမြင့်တက် နေပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ဈေးကွက်မှာ   ပုသိမ်ပေါ်ဆန်းမွှေးစပါး   တင်း ၁ဝဝ ကို ငွေကျပ် ၇၈၆ဝဝဝ ရှိပြီး ဆန်တစ် အိတ်ကို ငွေကျပ် ၃၃ဝဝဝ နဲ့ ဈေးငြိမ်နေ ပါတယ်။ ဧည့်မထစပါး တင်း ၁ဝဝ ကို  ငွေကျပ် ၆၃ဝဝဝဝ ရှိပြီး ဆန်တစ်အိတ်ကို  ငွေကျပ် ၂၄ဝဝဝ နဲ့ ဈေးငြိမ်နေပါတယ်။

မြောင်းမြပေါ်ဆန်းစပါး တင်း ၁ဝဝ ကို  ငွေကျပ် ၇၈၄ဝဝဝ ရှိပြီး ဆန်တစ်အိတ် ကို ငွေကျပ် ၃၂၅ဝဝ နဲ့ ဈေးငြိမ်နေပါ တယ်။ ဧည့်မထစပါး  တင်း  ၁ဝဝ ကို  ငွေကျပ်  ၆၃၉ဝဝဝ ရှိပြီး  ဈေးငြိမ်နေပါ တယ်။ ဆန်တစ် အိတ် ကို ငွေကျပ် ၂၅ဝဝဝ  ရှိပြီး ငွေကျပ် ၅ဝဝ ဈေးတက်လာပါတယ်။

ဒေးဒရဲပေါ်ဆန်းစပါး တင်း ၁ဝဝ ကို ငွေကျပ် ၆၈၉ဝဝဝ ရှိပြီး ငွေကျပ် ၅၂ဝဝဝ ဈေးတက်လာပါတယ်။  ဆန်တစ် အိတ်ကို ငွေကျပ် ၃၁ဝဝဝ  နဲ့  ဈေးငြိမ်နေပါတယ်။ ဒေးဒရဲဧည့်မထစပါး   တင်း ၁ဝဝ ကို ငွေကျပ် ၆၂၅ဝဝဝ ရှိပြီး ငွေကျပ် ၉ဝဝဝ၊ ဆန်တစ်အိတ်ကို  ငွေကျပ် ၂၄ဝဝဝ ရှိပြီး  ငွေကျပ် ၂ဝဝဝ အသီးသီးဈေးတက်လာပါ တယ်။

ဖျာပုံပေါ်ဆန်းစပါး တင်း ၁ဝဝကို ငွေကျပ် ၆၉ဝဝဝဝ ရှိပြီး ငွေကျပ် ၅၄ဝဝဝ ဈေးတက်လာပါတယ်။ ဆန်တစ် အိတ်ကို ငွေကျပ် ၃၁ဝဝဝ နဲ့ ဈေးငြိမ်နေပါတယ်။   ဖျာပုံဧည့်မထစပါး တင်း ၁ဝဝ ကို ငွေကျပ် ၆၂၅ဝဝဝ ရှိပြီး ငွေကျပ် ၁၈ဝဝဝ၊ ဆန် တစ်အိတ်ကို   ငွေကျပ် ၂၄ဝဝဝ ရှိပြီး  ငွေကျပ် ၁၅ဝဝ အသီးသီးဈေးတက်လာ ပါတယ်။

မအူပင်ပေါ်ဆန်းစပါး တင်း ၁ဝဝ ကို ငွေကျပ် ၇၁၈ဝဝဝ ရှိပြီး ငွေကျပ် ၁၉ဝဝဝ၊ ဆန်တစ်အိတ်ကို ငွေကျပ် ၂၉ဝဝဝ ရှိပြီး ငွေကျပ် ၁ဝဝဝ အသီးသီးဈေးတက်လာပါ တယ်။ မအူပင်ဧည့်မထစပါး တင်း ၁ဝဝ ကို ငွေကျပ် ၅၈၉ဝဝဝ ရှိပြီး ဈေးငြိမ်နေပေ မယ့် ဆန်တစ်အိတ်ကို ငွေကျပ် ၂၃ဝဝဝ ရှိပြီး ငွေကျပ် ၅ဝဝ ဈေးတက်လာပါတယ်။

မတ်ပဲ

မတ်ပဲက ပြီးခဲ့တဲ့တစ်ပတ်ကတည်းက တစ်တန်ကို ငွေကျပ် ၁ဝသိန်းအောက် ကျဆင်းခဲ့ပြီး ဒီတစ်ပတ်မှာ ဈေးငြိမ်နေ တဲ့အခြေအနေရှိပါတယ်။ နယ်ဈေးကွက်မှာ မတ်ပဲအသစ်တွေ   ဈေးကွက်ထဲဝင် လာပြီး     အကျဈေး နဲ့ ရှိ နေပါတယ်။ အဟောင်းတွေက   ဈေးပိုရနေတဲ့အခြေ အနေလည်းဖြစ်ပါတယ်။ အသစ်တွေ ဈေး ကွက်ထဲ ဝင်လာတဲ့အတွက် ဈေးထပ်တက် နိုင်ခြေတော့မရှိပါဘူး။

မတ်ပဲက လက်ရှိမှာ ကုန်သည်အများ စုသုံးသပ်သလို ခန့်မှန်းဖို့ခက်နေပြီး အိန္ဒိယ ကုန်သည်တွေကလည်း   ဈေးချ ဝယ်ယူမှု တွေကြောင့်  ဈေးဆက်တိုက်ကျဆင်းနေ ပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲတစ်တန်ကို  ငွေကျပ် ၉၇၅ဝဝဝ ရှိပြီး ပြီးခဲ့တဲ့တစ်ပတ်နဲ့နှိုင်းယှဉ်ရင်  ငွေကျပ် ၅ဝဝဝ လောက်  ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာ မတ်ပဲအဟောင်း သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၉၅ဝဝဝကနေ ၉၈ဝဝဝ ကြားရှိပြီး ငွေကျပ် ၄ဝဝဝ ဈေးကျဆင်းသွားပါတယ်။ အသစ်ကတော့  သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၉၃ဝဝဝ ရှိပြီး ငွေကျပ် ၂ဝဝဝ ဈေးကျဆင်းသွားပါတယ်။

မော်လမြိုင်ဈေးကွက်မှာ  မတ်ပဲတစ် တင်းကို  ငွေကျပ် ၃၂ဝဝဝ ရှိပြီး ငွေကျပ် ၆ဝဝ ဈေးကျဆင်းသွားပါတယ်။

ပြည်ဈေးကွက်မှာတော့  တစ်တင်းကို ငွေကျပ် ၃၂ဝဝဝ ရှိပြီး ငွေကျပ် ၃ဝဝ ဈေး ကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း မတ်ပဲနည်းတူ ဒီတစ်ပတ်မှာ    ဈေးအတက်အကျမကြမ်းဘဲ အပြောင်းအလဲအနည်းငယ်ရှိ ပါတယ်။ ပိတ်ရက်တွေများတာကြောင့် အရောင်း အဝယ်ကလည်း  ထင်သလောက်မရှိတဲ့ အတွက်  ဈေးငြိမ်နေ တာဖြစ်သလို  နယ် ဈေးကွက်တွေက  ပဲစင်းငုံနီအသစ်တွေ ဈေးကွက်ထဲကို ဆက်တိုက်ဝင်ရောက်လာ တဲ့အတွက်   ဈေးတက်မလာတာဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီအသစ်သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၆၇ဝဝဝ ရှိပြီး ငွေကျပ် ၁ဝဝဝ ဈေးကျဆင်းသွားပါတယ်။

အောင်လံဈေးကွက်မှာ    ပဲစင်းငုံနီ အသစ်တစ်တင်းကို ငွေကျပ် ၂၂၅ဝဝ ရှိပြီးငွေကျပ် ၅ဝဝ၊ အဟောင်းကတော့ တစ်တင်း ကို ငွေကျပ် ၂၁ဝဝဝ ရှိပြီး ငွေကျပ်  ၅ဝဝ  အသီးသီးဈေးကျဆင်းသွားပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဈေးငြိမ်နေတဲ့အခြေ အနေမှာ ရှိနေပါတယ်။ နယ်ဈေးကွက်မှာ တော့ နေ့စဉ်အရောင်းအဝယ် ပေါ်မူတည်ပြီး   အတက်အကျအနည်းငယ်သာရှိပါ တယ်။ အသစ်တွေဝင်ပြီး ပြည်တွင်းပြည်ပ ဝယ်ယူမှုလျော့နည်း တဲ့ အတွက် ဈေးတက် လာတာမျိုးမရှိပါဘူး။

ရန်ကုန်ဈေးကွက်မှာ ကုလားပဲလုံးဖြူ တစ်ပိဿာကို ငွေကျပ် ၁၄၆၅ ကျပ်ကနေ ၁၅ဝဝ ကြားရှိပြီး သုံးပတ်နီးပါး ဈေးငြိမ် နေပါတယ်။  ကုလားပဲလုံးဖြူကြီး  တစ် ပိဿာကို ငွေကျပ် ၁၅ဝဝ ကနေ ၁၅၃၅  ကျပ်ကြားရှိပြီး   ငွေကျပ် ၁၅ ကျပ် ဈေး ကျဆင်းသွားပါတယ်။ ကုလားပဲခြမ်း တစ် ပိဿာကို   ငွေကျပ် ၁၉၇၅ ကျပ်ကနေ   ၂ဝ၇၅ ကျပ်ကြားဈေးရှိပါတယ်။

မန္တလေးဈေးကွက်မှာ   ကုလားပဲ (ထိုင်ဝမ်) သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၇၈ဝဝဝ ကနေ ၇၉ဝဝဝ ကြားရှိပြီး ငွေကျပ် ၂ဝဝဝ ဈေးကျဆင်းသွားပါတယ်။ ကုလားပဲ (V2) သုံးတင်းဝင် တစ်အိတ်ကို  ငွေကျပ် ၈၉ဝဝဝ ရှိပြီး ငွေကျပ် ၁ဝဝဝ ဈေးကျဆင်း သွားပါတယ်။ ကုလားပဲ (V7) သုံးတင်းဝင် တစ်အိတ်ကို    ငွေကျပ် ၈၇ဝဝဝ ရှိပြီး ငွေကျပ် ၁ဝဝဝ၊  ကုလားပဲ ၉၂၉  သုံးတင်း ဝင်တစ်အိတ်ကို ငွေကျပ် ၈၂၅ဝဝ ကနေ ၈၃ဝဝဝ ကြားရှိပြီး ငွေကျပ် ၂ဝဝဝ အသီး သီးဈေးကျဆင်းသွားပါတယ်။

မုံရွာဈေးကွက်မှာ ကုလားပဲ(ထိုင်ဝမ်) တစ်တင်းကို    ငွေကျပ် ၂၇၇ဝဝ ရှိပြီး ငွေကျပ်   ၂ဝဝ  ဈေးတက်လာပါ တယ်။  ကုလားပဲ ၉၂၉   တစ်တင်းကို   ငွေကျပ်  ၂၇၈ဝဝ ရှိပြီး ငွေကျပ် ၂ဝဝ ဈေးကျဆင်း သွားပါတယ်။ ကုလားပဲ (V2) တစ်တင်းကို  ငွေကျပ် ၂၉၈ဝဝ ရှိပြီး ငွေကျပ် ၅ဝဝ ဈေး တက်လာပါတယ်။

ဗိုလ်ကိတ်ပဲ

တောက်လျှောက်ဈေးတက်နေခဲ့တဲ့ ဗိုလ် ကိတ်ပဲကတော့  ဒီတစ်ပတ်မှာ  ဈေးပြန် လည်ကျဆင်းသွားပါတယ်။ အဝင် နည်းပြီး အရောင်းအဝယ်ပါးသွားတဲ့အတွက် ဈေး ကျဆင်းသွားတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဗိုလ်ကိတ်ပဲ တစ် ပိဿာကို  ငွေကျပ်  ၂၁၆၅  ကျပ်ကနေ  ၂၃၃၅ ကျပ်ကြားရှိပြီး ငွေကျပ် ၂ဝဝ ဈေး ကျဆင်းသွားပါတယ်။

အောင်လံ ဈေးကွက်မှာ   ဗိုလ်ကိတ်ပဲ တစ်တင်းကို    ငွေကျပ်  ၃၄ဝဝဝ ရှိပြီး ငွေကျပ် ၈ဝဝဝ ကျော် ဈေးကျ ဆင်းသွား ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက   ဒီတစ်ပတ်မှာ   ဈေးအနည်းငယ်တက်လာပါတယ်။ နယ်တချို့က ကြက်သွန်နီ အသစ်တွေလည်း ဝင်လာပြီး  ပြည်ပတင်ပို့မှု တချို့ကြောင့် ဈေးပြန်တက် လာတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ    ကြက်သွန်နီ(ဆိပ်ဖြူ) တစ်ပိဿာကို  ငွေကျပ် ၂ဝဝ ကနေ ၄၇၅ ကျပ်ကြားရှိပြီး  ငွေကျပ် ၂၅ ကျပ် ဈေးတက် လာပါတယ်။

ကြက်သွန်နီ(မြင်းခြံ) ကလည်း  ဒီတစ် ပတ်  ရန်ကုန်ဈေးကွက်ထဲကို  ဝင်ရောက် လာပြီး  ကြက်သွန်နီရှယ် တစ်ပိ ဿာကို  ငွေကျပ် ၉ဝဝ ကနေ ဈေးစဖွင့်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း  တစ်ပိဿာကို  ငွေကျပ် ၇ဝဝ အထိ ဈေးပြန် လည်ကျဆင်းသွားပါ တယ်။ လက်ရှိမှာ တစ်ပိဿာကို ငွေကျပ် ၃၅ဝ ကနေ ၇ဝဝ ကြားဈေးရှိနေပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာ   ကြက်သွန်နီ

(ဂျွန်ကြီး၊ လတ်၊ သေး)  တစ်ပိဿာကို ငွေကျပ် ၇၅ ကျပ်ကနေ ၁၂၅ ကျပ်ကြား ရှိပြီး   ငွေကျပ် ၁၅ဝ နီးပါး ဈေးကျဆင်း သွားပါတယ်။

အာလူး

ဒီတစ်ပတ်မှာ အာလူးဈေးအနည်းငယ်တက်လာပါတယ်။   ပိတ်ရက်တွေကြောင့် အာလူးအဝင်နည်းပြီး ဈေးတက် လာတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ အာလူးတစ်ပိဿာ ကို ငွေကျပ်  ၄ဝဝ  ကနေ ၇ဝဝ ကြားရှိပြီး ငွေကျပ် ၃ဝ ဈေးတက် လာပါတယ်။

တရုတ်အာလူးတွေက တစ်ပိဿာကို ငွေကျပ် ၆ဝဝ ရှိပြီး ဈေးငြိမ်နေပါတယ်။

ဝတ်ရည်မွန် (AMIA)