မိုဒရစ်ကို ရီးယဲလ်အသင်း စာချုပ်သက်တမ်းတိုး

စပါးနည်းပြမော်ရင်ဟိုသည် ရီးယဲလ် ဝါရင့်ကွင်းလယ်ကစားသမား  လူကာမိုဒရစ်ကို စပါးအသင်းသို့ ပြန်လည်ခေါ် ယူရန်  စီစဉ်နေသည်ဟု  သတင်းများ ထွက်ပေါ်နေသော်လည်း ရီးယဲလ်အသင်းသည်  အသက်  ၃၅  နှစ်ရှိပြီဖြစ်သော မိုဒရစ်ကို လက်မလွှတ်လိုသဖြင့် အသင်း၌ ၂၀၂၂ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

မိုဒရစ်သည် ယခုရာသီကုန်တွင် ရီးယဲလ်နှင့် စာချုပ်သက်တမ်းကုန်မည်ဖြစ်ရာ ဇန်နဝါရီဈေးကွက်မှာပင် ကြိုက်ရာအသင်းနှင့် ကြိုတင်သဘောတူစာချုပ် ထားခွင့်ရှိနေသဖြင့် ရီးယဲလ်အသင်းက ဇန်နဝါရီလမရောက်မီ စာချုပ်သက်တမ်း တိုးလိုက်ခြင်းဖြစ်သည်။

Ref:Dailymail