အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲကာလ နောက်ဆုတ်ကျင်းပရန် စီစဉ်

လာမည့်နှစ်တွင်ကျင်းပမည့် ၂၀၂၂  အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ် များကို အာရှဘောလုံးအဖွဲ့ချုပ်က ခြေစစ်ပွဲကာလ   နောက်ဆုတ်ကျင်းပရန် စီစဉ်နေကြောင်း  သြစတြေးလျနိုင်ငံအခြေစိုက်  Soccer Sceneမီဒီယာက ဖော်ပြသည်။

အာရှဘောလုံး အဖွဲ့ချုပ်အနေဖြင့် ယင်းပြိုင်ပွဲနှစ်ခု၏ အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့်နိုင်ငံများနှင့်  ပြိုင်ပွဲဝင်နိုင်ငံများ၏ COVID-19 ရောဂါထိန်းချုပ်နိုင်မှုပေါ် မူတည်၍ ခြေစစ်ပွဲကျင်းပမည့် ကာလကို ပြန်လည် အတည်ပြုဖွယ် ရှိကြောင်း Soccer Scene မီဒီယာက ဖော်ပြသည်။

၂၀၂၂ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲများ အနက် မြန်မာအသင်းယှဉ်ပြိုင်မည့် အုပ်စု ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားသည်။

၂၀၂၂ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲများကို သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျော်ဒန်၊ ကာဂျစ္စ တန်၊ မွန်ဂိုလီးယား၊ မြန်မာ၊ တာဂျစ်ကစ္စ တန်နှင့် ဗီယက်နမ်နိုင်ငံတို့၌ ကျင်းပမည် ဖြစ်သည်။

၂၀၂၂ အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအုပ်စုပွဲစဉ်များကို သြစတြေးလျ၊ တရုတ်၊ လာအို၊ တရုတ်(တိုင်ပေ)၊ မွန်ဂိုလီးယား၊ မြန်မာ၊ စင်ကာပူနှင့် တာဂျစ်ကစ္စတန်တို့၌ ကျင်းပမည်ဖြစ်သည်။ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲများကို အသင်းပေါင်း   ၃၄  သင်းစီ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။              ကိုရဲ