တူချယ်ကို ထုတ်ပယ်မှု ပီအက်စ်ဂျီ ပေါင် ၅ ဒသမ ၄ သန်းပေးလျော်ရ

ပီအက်စ်ဂျီအသင်းသည် ခရစ္စမတ်နေ့မတိုင်မီ   တစ်ရက်အလိုတွင်  အသင်းနည်းပြ သောမတ်စ်တူချယ်ကို ထုတ်ပယ်ခဲ့ရာ ထိုထုတ်ပယ်မှုအတွက် လျော်ကြေးငွေ ပေးချေမှုကို   ဒီဇင်ဘာ   ၂၇  ရက်က နှစ်ဖက်သဘောတူညီမှု  ရနိုင်ခဲ့ကြောင်းနှင့် တူချယ်သည် လျော်ကြေး ပေါင် ၅ ဒသမ  ၄  သန်းရရှိခဲ့ကြောင်း   သိရသည်။

တူချယ်သည် နောက်ဆုံးကိုင်တွယ်သည့် လီဂူးဝမ်းပွဲတွင် စထရာဘော့အသင်းကို လေးဂိုးပြတ်    အနိုင်ရစေခဲ့သော်လည်း အမှတ်ပေးဇယားတွင် အဆင့် (၃)နေရာ သို့  ရောက်ရှိနေသည့်အတွက်  ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။

တူချယ်အတွက်    လျော်ကြေးပေးရန် သဘောတူပြီးသည်နှင့် ပီအက်စ်ဂျီအသင်းသည် စပါးနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရန်  သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့သည်ဟုလည်း သိရသည်။  ပိုချက်တီနိုသည်  မန်ယူ၊  ဘာစီလိုနာနှင့်  ရီးယဲလ်အသင်းများ၏  စိတ်ဝင်စားခြင်းခံနေရသူ ဖြစ်သည်။

Ref:Dailymail