ကျောက်မဲ၊ မူးယစ်မှု
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ရပ်ကွက်(၁) နယ်မြေ(၆) ရွှေညောင်ပင်လမ်းသွယ်၌ ဒီဇင်ဘာ ၂၈ ရက်နံနက် ၉ နာရီခွဲတွင် နေအိမ်အတွင်းမှ ဘိန်းဖြူများရှာဖွေတွေ့ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်မဲမြို့ ရပ်ကွက်(၁)နယ်မြေ(၆) ရွှေညောင်ပင် လမ်းသွယ်နေ စိုင်းနေထွန်းလေး ၃၁ နှစ်သည် မူးယစ် ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ် လှိုင်မင်းသန်းနှင့် ပူးပေါင်း အဖွဲ့တို့က သက်သေများနှင့်အတူ ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ စိုင်းနေထွန်းလေး၏နံဘေးရှိ ကော်ဘူးအတွင်းနှင့် နေအိမ်ခြံဝင်းခေါင်းရင်းဘက် မြေကျင်းထဲတွင် မြှုပ်ထားသည့် ဆပ်ပြာခွက်များထဲမှ ဘိန်းဖြူမှုန့် အလေးချိန် စုစုပေါင်း ၅၃ ဂရမ်ခန့်ကို သိမ်းဆည်းရမိသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းနေထွန်းလေးအား ကျောက်မဲမြို့မ ရဲစခန်းက မယ(ပ)၅၅/၂ဝ၂ဝ၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်းသိရသည်။
မိုင်းထွန်း