မက်ဒရစ်၊ ဘောလုံး
အက်သလက်တီကိုအသင်းမှ စပိန်ဝါရင့်တိုက်စစ်မှူး ဒီယေဂို ကော်စတာသည် ယခုရာသီကုန်တွင် အသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ ရာသီကုန်အထိမစောင့်ဘဲ ဇန်နဝါရီဈေးကွက်မှာပင် အသင်းပြောင်းရန် စီစဉ်နေပြီး အကယ်၍ အက်သလက်တီကို၏ လာလီဂါချန်ပီယံ ဆုအတွက် အဓိကပြိုင်ဘက် အသင်းများ ဖြစ်သော ရီးယဲလ်၊ ဘာစီလိုနာနှင့် ဆီဗီလာ တို့သို့ ပြောင်းရွှေ့ပါက ပေါင် ၂၃ သန်း အထိ ဒဏ်ရိုက်ခံရမည်ဟု စပိန် Cadena Code ရေဒီယိုမှ ထုတ်လွှင့်ခဲ့သည်။
ကော်စတာနှင့် အက်သလက်တီကိုတို့ ၏စာချုပ်ထဲတွင် စာချုပ်မပြည့်မီ လာလီဂါပြိုင်ဘက် အသင်းများထံ ပြောင်း ရွှေ့ပါက ပေါင် ၂၃ သန်းပေးလျော်ရမည်ဟု ထည့်သွင်းချုပ်ဆိုထားပြီး ရီးယဲလ်၊ ဘာစီလိုနာနှင့် ဆီဗီလာ မဟုတ်သော တခြား လာလီဂါ အသင်းများထံ ပြောင်းရွှေ့လျှင်ပင် ပေါင် ၄ ဒသမ ၅ သန်း ဒဏ်ကြေးပေး ဆောင်ရန်၊ တခြားလိဂ်အသင်းများသို့ ပြောင်းရွှေ့လျှင်လည်း ပေါင် ၂ဒသမ ၉သန်းအထိ ဒဏ်ရိုက်ခံရမည်ဟု သဘောတူ ထားကြောင်း သိရသည်။