လန်ဒန်၊ ဘောလုံး
ရာသီအစ အဆိုးရွားဆုံးရလဒ်များ တွေ့ကြုံနေရသော အာဆင်နယ်အသင်းသည် ကွင်းလယ်နေရာတွင် ဂိုးဖန် တီးနိုင်မှုအပိုင်း အားနည်းလွန်းနေသည့် အတွက် ဇန်နဝါရီ ဈေးကွက်၌ အဆိုပါ ကွင်းလယ်နေရာတွင် အားဖြည့် ရန် ဆီဗီလာ အသင်းမှ ယိုအန် ဂျော်ဒန်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၂သန်းဖြင့် ခေါ်ယူရန် ကြိုးစားနေကြောင်း သိရသည်။
အာဆင်နယ်နည်းပြ အာတီတာသည် ကွင်းလယ်ဖန်တီးရှင် နေရာတွင် ယိုအန်ဂျော်ဒန်ကို ခေါ်ယူ အားဖြည့် လိုရာ ဆီဗီလာဘက်မှ စာချုပ်ဖျက်တန်ကြေး ပေါင် ၅၅ သန်းသတ်မှတ်ထားမှုကို ပေါင် ၃၂ သန်းပေးပြီး ကမ်း လှမ်း ထားခြင်း ဖြစ်သည်။