မန်စီးတီးကစားသမားများ COVID-19 ရောဂါကူးစက်၍ အဲဗာတန်နှင့်ပွဲ ရွှေ့ဆိုင်း ကူးစက်မှုထပ်တိုးနိုင်၍ လာမည့် ချယ်လ်ဆီးနှင့်ပွဲပါ ရွှေ့ဆိုင်းရဖွယ်ရှိနိုင်

မန်ချက်စတာ ဒီဇင်ဘာ ၂၉

ဒီဇင်ဘာ ၂၈ ရက်ညတွင် အဲဗာတန်နှင့်  ကစားရမည်ဖြစ်သော မန်စီးတီးအသင်း၏ပွဲစဉ်သည် အသင်းတွင် COVID-19 ရောဂါ  ကူးစက်မှုများရှိနေသည့်အတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ထံ ပွဲရွှေ့ဆိုင်းရေး တင်ပြရာ  လက်ခံသဘော တူညီခဲ့သဖြင့်  ရွှေ့ဆိုင်းပေးခဲ့ရသည်။

အဲဗာတန်နှင့်ပွဲမတိုင်မီ     မန်စီးတီး အသင်းမှ ကီလီဝေါ်လ်ကာ၊ ဂျီးဆက်နှင့် တခြား ကစားသမားတစ်ဦး၊ နည်းပြ အုပ်ချုပ် အဖွဲ့မှ  နှစ်ဦးပိုးတွေ့ရှိသဖြင့်  ထိုသူများသည် အသင်းသားများနှင့် အလွန်နီးကပ်စွာ နေထိုင်ခဲ့ကြ၍ ကျန်အသင်းသားများတွင် လည်း ပိုးကူးစက်ခံရမှုများရှိနေနိုင်သည့် အတွက် မန်စီးတီးအသင်းက ပွဲကစားမည့် အချိန် နီးကပ်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်း အတွင်းလူတစ်ဦးက ထိုပိုးကူးစက်မှုသည် ပြီးခဲ့သည့်တစ်ပတ် က အာဆင်နယ်နှင့်ကစားခဲ့သည့် ကာရာ ဘောင်းဖလား   ကွာတားဖိုင်နယ်ပွဲစဉ်တွင် နေထိုင်ခဲ့ရသော လန်ဒန်ဟိုတယ်မှ ကူးစက်လာခြင်းဖြစ် မည်ဟု ယူဆနေကာ ဒီဇင်ဘာ ၂၉ ရက်က တစ်သင်းလုံးကို ဆေးထပ်စစ်မည့်အစီအစဉ်အရ နောက် ထပ်ပိုး တွေ့ စာရင်းထပ်တိုး လာလိမ့်မည်ဟု ပြောသည်။

အဲဗာတန်အသင်းက အသေးစိတ် အချက်အလက်မသိရဘဲ မန်စီးတီးနှင့်ပွဲကို ရွှေ့ဆိုင်းလိုက်ခြင်းအတွက် မကျေ မနပ်ဖြစ်ခဲ့သည်။ သိရှိရသော သတင်းများအရ  ကီလီဝေါ်လ်ကာနှင့်   ဂျီးဆက်တို့သည်  ပြီးခဲ့သည့်ရက်ပိုင်းက ပိုးတွေ့ခဲ့သူများဖြစ် ကာ နောက်ထပ်သုံးဦးပိုးတွေ့မှုကို မည်သည့် အခြေအနေဖြစ်ကြောင်း၊ မည်သူများဖြစ် ကြောင်း ခိုင်လုံစွာမသိရဘဲ ပွဲရွှေ့ဆိုင်းလိုက် သည့်အတွက်   အဲဗာတန်အသင်းဘက်မှ  မကျေမနပ်ဖြစ်ခဲ့ရခြင်းဖြစ် သည်။

အဲဗာတန်အသင်းသည်  မန်စီးတီးနှင့် ပွဲတွင်  ပရိသတ် ၂ဝဝဝ ကြည့်ခွင့်ရထားသဖြင့်   အစီအစဉ်များ ကောင်း မွန်စွာ ရေးဆွဲထားပြီးမှ  ပွဲပျက်ခဲ့၍ အသင်းအတွက်သာမက ပရိသတ်များအတွက်ပါ စိတ်ပျက်စရာဖြစ်စေ ခဲ့သည်ဟု  သတင်း ထုတ်ပြန်ခဲ့သည်။

ပရီးမီးယားလိဂ်စည်းမျဉ်းတွင် အသင်းတစ်သင်း၌ ကစားနိုင်သည့် ကစားသမား ၁၄ ဦးကျန်ရှိနေသေးလျှင်ပင် ပွဲမရွှေ့ဆိုင်း ဘဲ ဆက်ကစားရမည်ဟုဆိုထား၍လည်း  အဲဗာတန်အသင်းဘက်မှ    မကျေမနပ် ဖြစ်ခဲ့ရခြင်းဖြစ် သည်။ မန်စီးတီးအသင်း မှ ကစားသမားများ ပိုးတွေ့ကြောင်း ထပ်မံ သိရှိရလျှင် ဇန်နဝါရီ ၃ ရက် ချယ်လ်ဆီး နှင့်ပွဲပါ ရွှေ့ဆိုင်းရဖွယ်ရှိသည်။