ဘုတ်ပြင်းမြို့တွင် တည်ထားကိုးကွယ်တော်မူသော ရာဇမုနိ စေတီတော်ကြီး ပရိဝုဏ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၃၁    
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့တွင် တည်ထားကိုးကွယ်တော်မူသော ရာဇမုနိ စေတီတော်ကြီး ပရိဝုဏ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်မှ တပ်မတော်သားများက စေတီတော် ပရိဝုဏ် အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်းနှင့် စေတီတော်ရင်ပြင်၌ သန့်ရှင်းရေးပြုလုပ်ခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။