မိုးကုတ်မြို့၊ မြို့လယ်အင်း(မင်္ဂလာကန်တော်)၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁

   

 မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ မြို့လယ်အင်း (မင်္ဂလာကန်တော်)သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဝင်းမြတ်နှင့် နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက ဒိုက်များ၊ ရေမှော်ပင်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်း လုပ်ငန်းများကို စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။