ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်မှ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask များ ပေးအပ်လှူဒါန်း

ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်မှ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့်  Mask များ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၂

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံ ပြည်သူများ စာရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask များအား အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၅၀၀ စုမှ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask များကို နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်းသည်။