ကယားဒေသအတွင်းရှိ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့နှင့် မော်ချီးပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၁၆

   

ကယားပြည်နယ်၊ ကယားဒေသအတွင်းရှိ ကရင်နီအမျိုးသားစည်းလုံးညီညွတ် ရေးအဖွဲ့နှင့် မော်ချီးပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်အဖွဲ့ဝင်များက ဖားဆောင်းမြို့၊ နယ်မြေခံတပ်ရင်း ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံသည်။

   

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက တင်ပြချက်များ အပေါ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေး အဖွဲ့နှင့် မော်ချီးပြည်သူ့ စစ်(ဌာနေ)အဖွဲ့ဝင်များအား ချီးမြှင့်ငွေနှင့် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။