အာဆင်နယ်ဘက်မှ အကူအညီတောင်းလျှင် ကူညီပေးနိုင်ဟု ဝင်းဂါးဖွင့်ဟ

 

အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် နှစ်ပွဲဆက်အနိုင်ရခဲ့သဖြင့် နည်းပြအာတီတာ အတွက်   ဖိအားများ လျော့ပါးခဲ့ရသော်လည်း ထိုနှစ်ပွဲမတိုင်မီက ပရီးမီးယားလိဂ်တွင် ခုနစ်ပွဲဆက်နိုင်  ပွဲပျောက်ကာ အသင်းသမိုင်း၌ အဆိုးရွား ဆုံးကာလနှင့်ရင်ဆိုင်ခဲ့ရသဖြင့် အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက မိမိကိုအကူအညီတောင်းလာလျှင် အကူအညီ ပေးလိုသည်ဟု     ထုတ်ဖော်ပြောဆိုခဲ့ သည်။

ဝင်းဂါးသည် အာဆင်နယ်အသင်းကို နှစ်ပေါင်းများစွာနည်းပြခဲ့ပြီး ပြီးခဲ့သည့် နှစ်နှစ်က နည်းပြအဖြစ်မှ နုတ်ထွက်ကာ လက်ရှိတွင် ဖီဖာကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးရေး အကြီးအကဲလုပ်နေသည်။ ဝင်းဂါးသည် အာတီတာ  အာဆင်နယ်နည်းပြဖြစ်လာစဉ်က ကံကောင်းမှုဟု  ပြောဆိုခဲ့ဖူးသည်။

ဝင်းဂါးက “တကယ်လို့ ကျွန်တော့်ကို သူတို့အလိုရှိတယ်ဆိုရင် ကျွန်တော်ကူညီမှာပါ။ ဒါပေမဲ့ ဒီလိုဖြစ်လာမယ်လို့တော့ မမျှော်လင့်ပါဘူး။ ဒီအသင်းက ကျွန်တော် ၂၂ နှစ်နည်းပြခဲ့တဲ့အသင်းပါ။  လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီးလည်း ကျွန်တော့် ဘက်က  ဘာဆန္ဒပြုစရာမှ မလိုဘူးထင် တယ်။ အချိန်ဆိုတာ အကောင်းဆုံးသမား တော်ပါပဲ” ဟု ပြောသည်။

Ref:Dailymail