ရန်ကုန်၊ ပို့ဆောင်ရေး
မိုးရာသီကာလအတွင်း ရေယာဉ်စီး ခရီးသည်များ ဘေးအန္တရာယ်မဖြစ်စေရန်ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''မိုးရာသီကာလမှာ ရေယာဉ်စီးခရီးသည်တွေ ဘေးအန္တရာယ်ကင်းစေရေးအတွက် စီမံချက်တွေ ရေးဆွဲလုပ်ဆောင် တာတွေရှိ ပါတယ်။ အခုလို မိုးတွေဆက်တိုက်ရွာတာ ကြောင့် အန္တရာယ်မဖြစ်အောင် ဆိပ်ကမ်းက ဝန်ထမ်း တွေက ဗောတံတားတွေပေါ်မှာ စောင့်ကြပ်သတိပေးတာတွေ၊ ရေယာဉ်ဝန်ထမ်းတွေကလည်း ရေယာဉ်အတက် အဆင်းမှာ သတိပြုနိုင်ဖို့ စောင့်ဆိုင်းကြပ် မတ်တာတွေရှိပါတယ်။ ရာသီဥတုဆိုးရွားလို့ ရေယာဉ်ထွက်ဖို့မသင့်ရင် ပုံမှန်ပြန်ဖြစ် တဲ့အချိန်ထိ ခဏရပ်နားထားတယ်။ ဗောတံတားအခင်းတွေက သံပြားတွေဖြစ်လို့ မိုးရေတွေနဲ့ မတော် တဆ ချော်ကျတာ တွေဖြစ်တတ်တော့ ဗောတံတားပေါ်မှာ စောင့်ကြည့်ကြပ်မတ်ပေးဖို့ ဝန်ထမ်းတွေကို တာဝန်ချထားတာပါ'' ဟု ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေး ဒလမြို့နယ်မန်နေဂျာရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိကာလတွင် ပန်းဆိုးတန်း-ဒလ ဘက်ကမ်းသို့ ချယ်ရီကူးတို့ ရေယာဉ်နှစ်စင်း အလှည့်ကျပြေးဆွဲနေပြီး ရေယာဉ် တစ်စင်းပေါ်တွင် ခရီးသည် ၁၂ဝဝ ကျော်အတွက် လုံလောက်သော အသက်ကယ် အင်္ကျီများ၊ အသက် ကယ် ဗောကွင်းများ၊ အသက်ကယ်ဖောင်များ ပါဝင်သော်လည်း လက်ရှိတွင် သင်္ဘောတစ်ခေါက်လျှင် ပျမ်းမျှ ခရီးသည် ၃ဝဝ မှ ၃၅ဝ ခန့်သာ စီးနင်း ကြောင်း သိရသည်။
''အသက်ကယ်ပစ္စည်းတွေ လုံလုံလောက် လောက်ပါပါတယ်။ သင်္ဘောမကပ်ခင် အတက်အဆင်း မလုပ်ဖို့ သင်္ဘော ကပ်တာ တောင် ခရီးသည်တွေ အတက်အဆင်း လုပ်တာကို အချိန်ပြည့်စောင့်ကြည့်ပေးနေ ပါတယ်။ အခုက မိုးတွင်းလည်းဖြစ်တော့ အန္တရာယ်မဖြစ်အောင်လို့ပါ။ ဌာနကလည်း ခရီးသည် ဘေးကင်းရေး ဆောင်ရွက်ဖို့ ညွှန်ကြားထားသလို ရေယာဉ်ဝန်ထမ်းတွေနဲ့ ဆိပ်ကမ်းဝန်ထမ်းတွေ ပူးပေါင်းပြီး ခရီးသည်တွေအတွက် အကောင်း ဆုံး ဝန်ဆောင် မှုပေးနေပါတယ်''ဟု ချယ်ရီ(၁)ရေယာဉ်မှ ရေယာဉ်မှူး ဦးမြင့်အေးက ပြောသည်။
လက်ရှိကာလတွင် အဆိုပါရေယာဉ် နှစ်စင်းမှ ပန်းဆိုးတန်း-ဒလ ခရီးစဉ်ကိုတစ်ရက်လျှင် ခရီးသည် ၂၅ဝဝဝ ဝန်းကျင် သယ်ယူ ပို့ဆောင်ပေးနေပြီး ယင်းခရီးစဉ်သည် စီးနင်းမှုများသည့် ရေကြောင်း ခရီးစဉ်ဖြစ်သကဲ့သို့ ရန်ကုန် မြို့သို့ ဒလနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အလုပ်သွား အလုပ်ပြန်သူ၊ ကုန်စည်ကူးသန်းသူတို့ အတွက် အားထားရသော ခရီးသည် သယ်ယူပို့ဆောင်ရေး လမ်းကြောင်း တစ်ခုဖြစ်ကြောင်း သိရသည်။
ထက်ခိုင်(စမ်းချောင်း)