၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်က မန်ယူအသင်းသည် ဆောက်သမ်တန်ကို အနိုင်ရသည့်ပွဲအပြီးတွင် ထိုပွဲ၌ ခြေစွမ်းပြဂိုးသွင်းခဲ့သော ကာဗာနီအား မိတ်ဆွေတစ်ဦးက ချီးကျူးဂုဏ်ပြုမှုကို ကာဗာနီက အဆိုပါမိတ်ဆွေအား ချစ်စနိုးခေါ်နေကျအတိုင်း နီဂရိုးဟူသောအသုံးအနှုန်းဖြင့် တုံ့ပြန်ခဲ့ခြင်းကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)သည် ကာဗာနီကို လူမျိုးရေးခွဲခြား စော်ကားသည်ဟုဆိုကာ သုံးပွဲပယ်နှင့် ဒဏ်ငွေ ပေါင်တစ်သိန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ထိုပြစ်ဒဏ်မှာ တရားမျှတမှုမရှိဘဲ မိမိတို့ ဥရုဂွေးနိုင်ငံဓလေ့အရ ခေါ်ဝေါ်သော ထိုနာမည်သည် လူမျိုးရေးခွဲခြားစော်ကားခြင်းမဟုတ်သည့် အတွက် ဆွာရက်ဇ်နှင့် ဂိုဒင်အပါအဝင် ဥရုဂွေးလက်ရွေးစင်အသင်းဖော် များက အက်ဖ်အေကသာ ကာဗာနီအပေါ် ဆန့်ကျင် အရေးယူခြင်းဖြစ်ကြောင်း ကန့်ကွက်ခဲ့ကြသည်။
ဥရုဂွေးဘောလုံးသမားများ အစည်းအရုံးက “အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အငြင်းပွားဖွယ် အရေးယူမှု ကြောင့် ကျွန်တော်တို့ဘက်က ကာကွယ်တုံ့ပြန်ရပါ လိမ့်မယ်။ ကာဗာနီက ဘယ်တုန်းကမှ လူမျိုးရေး ခွဲခြား စော်ကားခဲ့တဲ့ ရာဇဝင်မရှိခဲ့ပါဘူး။ ကျွန်တော်တို့နိုင်ငံဓလေ့၊ ဥရုဂွေးနိုင်ငံသားတွေရဲ့ ဘဝဖြတ်သန်းမှု အစဉ်အလာတွေမှာ ဒါကလူမျိုးရေးခွဲခြားမှု လုံးဝမဟုတ်ပါဘူး။ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ရဲ့ လုပ်ရပ်ကသာ ကျွန်တော်တို့ယဉ်ကျေးမှုကို ခွဲခြားဆက်ဆံ လိုက်တာပါ။ ဘက်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်စဉ်လို့မှတ်ယူတယ်။ လက်တင် အမေရိကနိုင်ငံတွေမှာ ကိုယ်ချစ်တဲ့သူ၊ ရင်းနှီးတဲ့ သူငယ်ချင်းတွေကို ဒီလိုပဲ ခေါ်နေကျဖြစ်ပါတယ်။ ရိုးသားစွာပြောခဲ့တဲ့စကားတစ်ခုကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က သူတို့ဘာသာပြန်ဆိုချက် အယူအဆတစ်ခုတည်းနဲ့ အပြစ်တစ်ခုလို့ သတ်မှတ် လိုက်တာကသာ တကယ့်ခွဲခြားဆက်ဆံမှုဖြစ်တယ်”ဟု ကန့်ကွက်ခဲ့ကြသည်။
Ref:Dailymail