လုပ်သားရှားပါးမှု အခက်အခဲ ဖြေလျှော့နိုင်ရန် ဆေးဖျန်း ဒရုန်းဖြင့် သရုပ်ပြ

ကျောက်ကြီး၊ စိုက်ပျိုးရေး

မုံရွာမြို့အခြေစိုက် UNIQCO ကုမ္ပဏီက ခေတ်မီ နည်းပညာများကို ကျေးလက်နေ ပြည်သူများသိရှိ အသုံးပြု နိုင်ကာ လုပ်သား ရှားပါးမှု အခက်အခဲဖြေလျှော့နိုင်ရန်အတွက်သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ဆေးဖျန်း ဒရုန်းဖြင့် သရုပ်ပြကြောင်း သိရသည်။

ထိုသို့ပြသရာတွင် UNIQCOကုမ္ပဏီ ပိုင်ရှင်  ဦးမျိုးသန့်  ဦးဆောင်၍  ကုမ္ပဏီဝန်ထမ်းများသည် တောင်ငူခရိုင် ကျောက်ကြီး မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ၏ လယ်ယာ လုပ်သား ရှားပါးမှု အခက်အခဲများ၊ နည်းပညာ အခက်အခဲ များကို တောင်သူ အကျိုးပြု ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သည်။

UNIQCO ကုမ္ပဏီမှ တောင်သူ အကျိုးပြု ဒရုန်းအသုံးပြု၍ စိုက်ပျိုးရေး ဆေးဖျန်းခြင်း လုပ်ငန်းကို ကျောက်ကြီး မြို့နယ်အတွင်းရှိ  ကျေးရွာများအား  ကွင်းဆင်း သရုပ်ပြ မည်ဖြစ်ပြီး ဆေးဖျန်းဒရုန်း အသုံးပြုခြင်းကြောင့် ဆေးကုန်ကျ စရိတ်သက်သာ စေခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးခြင်း၊ ဆေးဖျန်းချိန်တွင် လုပ်သား ရှာမရ၍ သီးနှံဆုံးရှုံး မှုရှိခြင်းများ အထောက်အကူ ဖြစ်စေ နိုင်မည်ဖြစ်ကြောင်း  UNIQCO ကုမ္ပဏီမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆေးဖျန်းဒရုန်း သရုပ်ပြပွဲတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ    ဒေသခံတောင်သူများကြည့်ရှုလေ့လာကြကြောင်း သိရသည်။