နိုင်ငံတော်သမ္မတအိမ်တော်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်သမ္မတအိမ်တော်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၈

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ ညနေ ၃ နာရီတွင် သတင်းမီဒီယာများ နှင့် နိုင်ငံတော်သမ္မတအိမ်တော် Press Briefing Room Physical Distancing သတ်မှတ်ချက်များနှင့်အညီတွေ့ဆုံပြီး  နိုင်ငံတော်၏ လတ်တလောအခြေအနေ များနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ  ပြုလုပ်သည်။

တွေ့ဆုံစဉ်    ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက  ပထမအချက်အနေဖြင့်  ဃြဗ လက်မှတ်ရေးထိုးထား သည့်အဖွဲ့ များအပြင် NCA လက်မှတ်မရေးထိုးထား သည့်အဖွဲ့များ ပူးပေါင်းပါဝင်ကာ ၂၀၂၀  ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချဉ်းကပ်မှုအသစ်များနှင့် ဘက်စုံ ထောင့်စုံကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် အများပြည်သူ ပါဝင်ပတ်သက်ခွင့်ရှိရမည့် လူထု အခန်းကဏ္ဍကိုလည်း အလေးထားဆောင်  ရွက်သွားမည်ဖြစ်ပါကြောင်း၊ တတိယအချက် အနေဖြင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ဖော်ဆောင်သည့်အခါ  မူဘောင်လမ်းညွှန်မှု၊ လိုအပ်သည့်စုဖွဲ့မှု၊ စနစ်နှင့် ယန္တရားတည်ဆောက်မှု စသည့်ငြိမ်းချမ်း  ရေးလုပ်ငန်းစဉ်များ၏ ဒီဇိုင်းကိုလည်း မိမိတို့  အာရုံစိုက်၍   ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စတုတ္ထအချက်အနေဖြင့် လုပ်ငန်းစဉ်ပိုင်း၊ ဒီဇိုင်းပိုင်း နှင့် အားလုံးပါဝင်နိုင်မှု အကျုံးဝင်သည့်အပိုင်းများကိုလည်း လာမည့် ငါးနှစ်တာကာလတွင် လက်တွေ့ကျကျ အသက်ဝင်ရန်  ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း။

ပဉ္စမအချက်အနေဖြင့် ပညာရပ်၊ စီမံ ခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြုအဖွဲ့များ၊  နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့်  ပြည်သူများအပါအဝင်  အဓိက အင်အားစုအများဆုံး  အကျေအလည်  ဆွေးနွေးနိုင်မည့်  ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံစဉ်းစားပြီး ကိုယ်စားပြုမှုနှင့် ထိရောက်မှု ဟန်ချက်ဘက်ညီမျှတစေမည့်  ၂၀၂၀  ပြည့်နှစ်အလွန်  ငြိမ်းချမ်းရေး ဖွဲ့စည်းတည် ဆောက်မှုအသစ် (NEW PEACE ARCHITECTURE) ကို  အရှိန်အဟုန်ဖြင့် ဖော်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိကာလတွင်ယင်းအပိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပါဝင်ပတ်သက် နေသည့် အဖွဲ့ များနှင့်ဆွေးနွေးနေပါကြောင်း၊ ကိုဗစ်ကာလ ဖြစ်သည့်အတွက် ဇသသာ  နြနအငညါ များ ဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့သည်များလည်း များစွာရှိပါကြောင်း၊  ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းမှု များလည်း လုပ်ဆောင် သွားရန်ရှိပါကြောင်း။

ယင်းသို့လုပ်ဆောင်ရခြင်းမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်၍ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ အားသာချက်၊ အားနည်းချက်များကို နားထောင်ပါ ကြောင်း၊  Insight Review, Outsight Review ရှိပါကြောင်း၊  Insight Review ဆိုသည်မှာ ကိုယ့်အတွင်းထဲမှ လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်သူများ၏ သုံးသပ်ချက်များအပြင် ယင်းလုပ်ငန်းစဉ်ပြင်ပမှ စောင့် ကြည့်နေသည့် ပုဂ္ဂိုလ်များ၏ အမြင်များကို  မိမိတို့နားထောင်ပါကြောင်း၊ ယခုလက်ရှိတွင်  Insight Review, Outsight Review  များကို  ဆောင်ရွက်နေသည့်ကာလဖြစ် ပါကြောင်း၊ ယင်းအပေါ်မူတည်ပြီး NEW PEACE ARCHITECTURE သစ်ကို  ရေးဆွဲနေသည့်အချိန်ဖြစ်ပါကြောင်း၊ ယခုလ အတွင်းမှာလည်း NEW PEACE ARCHITECTURE မှာ ပုံစံသစ်ဖြင့် ဖြစ်ပေါ် လာမည်ဟု မျှော်လင့်ထားပါကြောင်း။

 သို့သော်လည်း ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးမည့်ပုဂ္ဂိုလ်များ၊  အဖွဲ့အစည်းများ များစွာကျန်သေး ပါကြောင်း၊ ထို့ကြောင့် လာမည့်အပတ်တွင် ညှိနှိုင်းဆွေးနွေးမှုများ  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆဋ္ဌမအချက်နှင့် သတ္တမအချက်သည် အရေးကြီးပါကြောင်း၊ ဆဋ္ဌမအချက်အနေဖြင့် ပင်လုံ စာချုပ် လက်မှတ်ရေးထိုးမှု နှစ်ပေါင်း ၇၅  နှစ်ပြည့်မည့် စိန်ရတုနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ်တွင် ပြည်ထောင်စု၏ ပန်းတိုင်ကို မိမိတို့ အတူတကွ ဆက်ပြီးလျှောက်လှမ်းသွားမည့် လမ်းကြောင်းများ ခိုင်ခိုင်မာမာ ထင်ထင်ရှားရှား  လှမ်းမြင်နေရသည့် အားတက်ဖွယ် အခြေ အနေတစ်ရပ် ရောက်ရှိလာရန် ရည်မှန်းချက် ထားပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်အလွန် ၂၀၂၁  ခုနှစ်မှစတင်ပြီး လာမည့်တစ်နှစ်တာအတွင်း နောက်ထပ်အဆင့်တစ်ဆင့်  မည်သည့်  အခြေအနေသို့ရောက်ရှိမည်ကို ညှိနှိုင်းရန်ရှိ ပါကြောင်း၊ အစိုးရပိုင်း၌ မည်သည့်အဆင့်ဟု  သတ်မှတ်ထားသော်လည်း ကျန်သည့်  Stakeholder များနှင့်ညှိနှိုင်း၍ ယင်းအဆင့်ကို ရောက်အောင်သွားမည်ဖြစ်ပြီး  မိမိတို့  ကြားတွင် ဆက်လက်ညှိနှိုင်းရန်ရှိပါကြောင်း။

သတ္တမအချက်အနေဖြင့် လွတ်လပ်ရေး စိန်ရတုနှစ်ဖြစ်ပါကြောင်း၊ စိန်ရတုနှစ်ပြည့်မည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်ကာလတွင် မိမိတို့နိုင်ငံကို မည်သည့်နိုင်ငံမျိုးဖြစ်စေ ချင်သည်၊ မိမိတို့နိုင်ငံမှာ မည်သို့ရှင်သန် နေထိုင်သွားမည်ကို ပုံဖော်ရန်အတွက် စိန်ရတုမရောက်ခင်ကာလအတွင်း နိုင်ငံ တော်အစိုးရ၏ အဓိကလုပ်ငန်းစဉ်တစ်ရပ် အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း။

၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးအစီ အစဉ်သစ်ရှိပါကြောင်း၊ ထိုအစီအစဉ်သစ် တွင် လုပ်ငန်းစဉ် ၃ ရပ်ပါဝင်ပြီး ယင်းတို့ကို လည်း ရှင်းလင်းထားပြီးဖြစ်ပါကြောင်း၊ ယင်း လုပ်ငန်းစဉ်များကို အကျုံးဝင် ဖော်ဆောင်သွားမည်ကို ရှင်းလင်းပြောကြားလိုပါကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ မည်သည့်ကြောင့် အရေးကြီးသည်ဆိုသည်မှာ   ဖဆပလ၊

တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ တပ်မတော်အစိုးရ၊ USDP အစိုးရ၊ ယခုလက်ရှိ NLD အစိုးရကာလများတွင် တကယ့်နိုင်ငံရေးပြဿနာများကို  ဖြေရှင်းကြသည့်အခါ ဇာစ်မြစ်ဖြစ်သည့် နိုင်ငံ ရေးစားပွဲဝိုင်းမှာအရေးကြီးပါကြောင်း၊ ယင်း စားပွဲဝိုင်းကို ဝင်ရောက်နိုင်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ကို မတက်လှမ်းနိုင်ခဲ့သည့် အတွက် ယခုကဲ့သို့ နှစ်ပေါင်းများစွာ တာရှည် ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခနှင့်  ကြုံတွေ့ နေရခြင်းဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် လည်း  ပြည်ထောင်စုသဘောတူစာချုပ်  အစိတ်အပိုင်း(၃)ကို အခြေခံပြီးသွားမည့် လုပ်ငန်းစဉ် ၃ ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့်  ငြိမ်းချမ်းရေး အစီအစဉ်သစ်   NEW PEACE ARCHITECTURE ကို အခြေခံပြီး    ဆောင်ရွက်သွားမည်ကို  ပြောကြား လိုပါကြောင်း၊ တစ်ဖက်တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ရှိပါ ကြောင်း၊ ၁၀ ဖွဲ့မှာ  NCA  မှာ လက်မှတ် ရေးထိုးပြီး  Union Accord  သုံးအထိ ရောက်ရှိပြီဖြစ်ပါကြောင်း။

 တစ်ဖက်တွင်လည်း NCA လက်မှတ် မရေးထိုးရသေးသည့် KNPP နှင့်  Joint Statement ထိုးပြီးပါကြောင်း၊ ပြီးခဲ့သည့် လပိုင်းတွင် KNPP ဖြင့် Bilateral အွန်လိုင်း မှဆွေးနွေးပြီးဖြစ်ပါကြောင်း၊ ဆွေးနွေးသည့်အခါ NCA မထိုးခင်  နောက်တစ်ဆင့် အနေဖြင့် KNPP ဘက်မှ ဆောင်ရွက် လိုသည့် အချက်များကို   မိမိတို့ကိုပြောပြပါကြောင်း၊   ယခုဇန်နဝါရီလထဲတွင်  နောက်တစ်ကြိမ်အဖြစ်ဆွေးနွေးရန် လျာထားပါကြောင်း။

Bilateral  တွင် လေးဖွဲ့ရှိပါကြောင်း၊ ‘ဝ’ ၊ မိုင်းလား၊ SSPP နှင့် KIA/KIO ဖြစ်ပါကြောင်း၊ ယင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည့်အတွက် Bilateral ပျက်သလိုဖြစ်သွားသည်မှာ KIA တစ်ဖွဲ့ရှိပါကြောင်း၊ အောက်တွင် AA၊ TNLA၊   MNDAA  သုံးဖွဲ့ရှိပါကြောင်း၊ ယင်းသုံးဖွဲ့နှင့်မိမိတို့ စတင် ဆွေးနွေးစဉ်ကပင် ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်သည့် အဆင့်ကျော်လွန်သွားပြီဖြစ်ပါကြောင်း၊  ယင်းသို့ကျော်လွန်သွားပြီး  Bilateral  ဆွေးနွေးနေပါကြောင်း၊ ဆွေးနွေးသည့်အခါ တွင်  ရှေ့ဆက်၍  NCA  မည်သို့သွားမည် ဆိုသည့် process အပေါ်တွင် အကျေအလည်ဆွေးနွေးခဲ့ပါကြောင်း၊ နောက်ဆုံး ကူမင်းတွေ့ဆုံပွဲတွင်    အလွတ်သဘော ဆွေးနွေးပါကြောင်း၊ ယင်းသို့ဆွေးနွေးပြီးသည့်  အချိန်တွင် မိမိတို့မည်သို့သွားမည်ဆိုသည့်  process အပေါ်တွင်  ၎င်းင်းတို့နှင့်အနည်းငယ် သဘောထားကွဲ လွဲခဲ့ပါကြောင်း။

 ယင်းကွဲလွဲသည့်အပေါ်တွင် ပြန်လည် ဆွေးနွေးခဲ့ပြီး ယခုနောက်ဆုံးအခြေအနေ  တွင် အဆင့်သုံးဆင့် ပါသည့် လမ်းကြောင်း အပေါ်တွင် နှစ်ဦးနှစ်ဖက်  စာဖြင့်ကတိ ကဝတ်ရထားပြီဖြစ်ပါကြောင်း၊ ကတိကဝတ် ရထားပြီဖြစ်သည့်အတွက် ၎င်းသုံးဖွဲ့နှင့် ယခု လတွင် တွေ့ဆုံဆွေးနွေးနိုင်ရန် အစိုးရဘက် မှ ကမ်းလှမ်းထားပါကြောင်း၊ ထို့နောက် ယခုသုံးဖွဲ့အပြင် KIA  အပါအဝင် လေးဖွဲ့ နှင့် အဆင့်သုံးဆင့်ဖြင့် သွားမည်ဖြစ်ပါ ကြောင်း၊ ‘ဝ’ ၊ မိုင်းလား၊ SSPP အဖွဲ့များ နှင့်  NCA Case  အောက်ရောက်ရန် မျှော်မှန်းထားပါကြောင်း၊ တစ်ဆက်တည်း တွင် NCA ထိုးထားသည့် EAO များနှင့် Union Accord  သုံးခုရထားပြီဖြစ်ပါ ကြောင်း၊ ထူးခြားချက်အနေဖြင့်  ပြီးခဲ့သည့်  ပြည်ထောင်စုသဘောတူစာချုပ်အစိတ်  အပိုင်း - ၃ တွင် အဓိကအပိုင်းကြီးသုံးပိုင်း  ပါဝင်ပါကြောင်း၊   နံပါတ်(၁)အနေဖြင့် NCA  အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ဖြစ်ပါကြောင်း။

ဒုတိယပိုင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့်အဆင့်  လိုက် အကောင်အထည် ဖော်မှုများဖြစ်ပါ ကြောင်း၊ ယင်းအပိုင်းတွင် သဘောတူညီချက် များရရှိထားပါကြောင်း၊ အပိုင်း(၃)အနေ ဖြင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်တို့ကို  အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူဖြစ်ပါကြောင်း၊  ယင်းသုံးပိုင်းကိုရထားပြီး တချို့ဆွေးနွေးရန် ကျန်ရှိသည့်  အချက် အနည်းငယ်ကျန်သေး ပါကြောင်း၊ Union Accord တွင် ထူးခြား ချက်အနေဖြင့် ယခု process ကိုသွားသည့် အချိန်တွင် အဆင့်လိုက်သွားပြီး အဆင့်လိုက် အကောင်အထည်ဖော်မည်ဖြစ်ပါကြောင်း၊ ယင်းအနေအထားဖြစ်သွားသည့်အတွက် ယခင်က မျှော်မှန်းထားသကဲ့သို့ ဖက်ဒရယ်မူနှင့် ဒီမိုကရေစီ မူများ ဆွေးနွေးရရှိလာသည် များကိုအားလုံးပေါင်း၍ အကောင်အထည် ဖော်သည့်အဆင့် မဟုတ်ပါကြောင်း၊ လက်တွေ့ကျကျ တစ်ဆင့်ပြီးတစ်ဆင့် သဘောတူညီ ချက်များရရှိပါက မည်သို့ ဆောင်ရွက်မည်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မည်သို့သွားမည်နှင့် ယင်းအပေါ်တွင်  မူတည်ပြီး ပြည်နယ်များ၏ အခြေခံဥပဒေ ရေးဆွဲခွင့်များကို မည်သို့လုပ်ဆောင်မည် တို့ဖြစ်ပါကြောင်း။

ယခု ၂၀၀၈ အခြေခံဥပဒေတွင် အာဏာ ခွဲဝေမှု၌ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေပြုစာရင်း ပါဝင်ပါကြောင်း၊ နောင်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး^ပြည်နယ်ပါ ပူးတွဲကျင့်သုံး မည့် ပူးတွဲအာဏာမျိုးကို မည်သို့သတ်မှတ် မည်နှင့် လက်တွေ့တွင်လည်း အစိုးရပိုင်း တွင် ကြုံတွေ့နေသည့် တချို့ကိစ္စရပ်များ သည် ပြည်ထောင်စုနှင့်လည်းသက်ဆိုင်ပြီး  တိုင်းဒေသကြီး^   ပြည်နယ်နှင့်လည်း  သက်ဆိုင်ပါကြောင်း၊ ယခုကဲ့သို့ ကိစ္စရပ်များ မည်သို့ခွဲဝေမည်တို့ကို အသေးစိတ် ဆွေးနွေး သွားရန်ရှိပါကြောင်း၊ ယင်းသို့ ဆွေးနွေးသည့်အခါတွင် လက်တွေ့အကောင်အထည် ဖော်နိုင်သည့်အနေအထား တစ်ခုသို့သွားသည့်အတွက်  မိမိတို့သွားမည့်လုပ်ငန်းစဉ်သည်လည်း မူလက လုပ်ခဲ့သည့်လုပ်ငန်းစဉ် များနှင့် များစွာကွဲပြားသွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ကွဲပြားမှလည်း လုပ်ဆောင် ၍ရမည်ဖြစ်သည့်အတွက်  မိမိတို့၏နိုင်ငံ ရေးဆွေးနွေးပွဲတွင်ရှိသည့် ညီလာခံ၊ UPDJC၊ လုပ်ငန်းကော်မတီ၊ National Dialogue တို့၏လုပ်ငန်းတာဝန်များသည်လည်း ပြောင်းလဲသွားမည် ဖြစ်ပါကြောင်း၊ ပုံစံအသစ်၊  ချဉ်းကပ်မှုအသစ်ဖြင့် လုပ်ငန်းစဉ်အသစ် များသည် မကြာမီကာလတွင် ပေါ်ထွက် လာမည်ကိုလည်း တင်ပြလိုပါကြောင်း။

ယင်းတွင် Union Accord မှ ခွဲထားသည်မှာ ငြိမ်းချမ်းရေးတည်ဆောက်မည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်မည်ဆိုသည်မှာ    ပြန်လည်တင်ပြရပါက  ပထမလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ Ceasefire များ ရရှိရန်လုပ်မည်ဖြစ်ပါကြောင်း၊ မရရှိသေးသည့်အဖွဲ့များနှင့် ရအောင်လုပ် မည်ဖြစ်ပါကြောင်း၊ ရပြီးသား Ceasefire ကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်မည်ဖြစ်ပါကြောင်း၊ ခိုင်မာအောင် ဆောင်ရွက် နေသည့် Ceasefire ကို Monitoring လုပ်သည့်ကိစ္စရပ်များကို မည်သို့ခိုင်မာစေရန် ဆောင်ရွက်မည်နှင့် တစ်ချိန်တည်းတွင် အပစ်ရပ်ဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ IDP return program များတို့ကို များစွာဆောင်ရွက် ရန်ရှိပါကြောင်း၊ ယင်းသို့ရှိသည့်အတွက် ငြိမ်းချမ်းရေးတည်ဆောက်သည့် အဆင့် အဖြစ်သတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် State Building ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအား ကောင်းစေရန် ဆောင်ရွက်လိုပါကြောင်း၊ ဆိုလိုသည်မှာ တိုင်းဒေသကြီး/ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များပိုမိုတိုးမြှင့်ရရှိလာရန်  ဆောင်ရွက်လိုပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ယန္တရားများကို ပို၍ခိုင်မာအောင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပို၍အာဏာခွဲဝေမှု များလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။

 ယင်းကို  State Building ဟုသတ်မှတ် ပါကြောင်း၊ နောက်ဆုံးတစ်ဆင့်မှာ ပြည်ထောင်စုကြန်အင် လက္ခဏာတည်ဆောက်သည့် Nation Building ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ မိမိတို့နိုင်ငံအနေဖြင့် Nation Building ကိုသွားရန် ယခင်ကဆွေးနွေးခဲ့ပါကြောင်း၊ တချို့နိုင်ငံကြီးများကဲ့သို့ လူမျိုး  တစ်မျိုး တည်း၊  Identity တစ်ခုတည်းနိုင်ငံ လုပ်၍မရပါကြောင်း၊ မိမိတို့တွင် မျိုးနွယ် စုပေါင်းရာကျော် ရှိပါကြောင်း၊ ယင်းမျိုးနွယ်စုများ၏ စုပေါင်းထားသည့် ကြန်အင်လက္ခဏာကို အားလုံးလက်ခံ သဘောတူသည့် အနေအထားကို Nation Building အဆင့်ဟု ခေါ်ခြင်းဖြစ်ပါကြောင်း၊ ထို့နောက် အကောင် အထည်ဖော်မှု နှစ်ဆင့်ရှိပါကြောင်း၊ ယင်းတို့ မှာ နိုင်ငံရေးအပိုင်းနှင့် စစ်ရေးအပိုင်းဖြစ်ပါ ကြောင်း၊ နိုင်ငံရေးအပိုင်းတွင် ပြည်ထောင်စု သဘောတူစာချုပ် အကောင်အထည်ဖော်ရေး နှင့်ပတ်သက်သည့်လု ပ်ငန်းစဉ်ရှိပါကြောင်း၊  လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း  NCA အပိုဒ် ၃၀ နှင့်အညီ ဆောင်ရွက်မည့် အပိုင်းရှိပါကြောင်း၊ ယင်း process နှစ်ခု သည် ဟန်ချက်ညီ သွားရမည်ဖြစ်ပါကြောင်း၊

ပြီးပါက ယင်းအတိုင်းအကောင်အထည် ဖော်၍မရသည့်အတွက် ယန္တရားများလိုအပ်ပါကြောင်း၊ ယင်းယန္တရားများကို ဖော်ဆောင် ရမည်ဖြစ်ပါကြောင်း၊ ယန္တရားနှစ်ခုမှ နိုင်ငံရေးအပိုင်းနှင့်    တပ်ပိုင်းတို့ကို ဟန်ချက်ညီညီ ဖော်ဆောင်ပြီးပါက  မိမိတို့မျှော်မှန်းသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စု Democratic Federal Union ရောက်လာမည်ဆိုသည့် သဘောဖြင့် တင်ပြထားခြင်း ဖြစ်ပါကြောင်း၊    နောက်တစ်ချက်အနေဖြင့် မြောက်ပိုင်းအဖွဲ့လေးဖွဲ့ဖြင့် ပထမအဆင့် ယာယီပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ဖြစ်ပါကြောင်း၊ ပဏာမပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို မိမိတို့အနေဖြင့် မြောက်ပိုင်းလေးဖွဲ့ကိုပို့ထားပြီးဖြစ်ပါကြောင်း။

ယင်းအပေါ်တွင် မြောက်ပိုင်းလေးဖွဲ့၏ သဘောထားကို မြန်မြန်ဆန်ဆန်ပြန်ပို့စေပြီး  တွေ့ဆုံဆွေးနွေး မည်ဖြစ်ပါကြောင်း၊ ယင်း ဆွေးနွေးခြင်းကို မြစ်ကြီးနား   သို့မဟုတ်  ကျိုင်းတုံ၌ ဆောင်ရွက်ရန် ကမ်းလှမ်းထားပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် တစ်ဖွဲ့ချင်း နှင့် Bilateral Ceasefire Agreement ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ  စာချုပ်များကို တစ်ဖွဲ့ချင်းနှင့်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ တစ်ဖွဲ့ချင်းနှင့် သွားသည့်အခါတွင် IDP ကိစ္စရပ်များ၊  ဖွံ့ဖြိုးရေးကိစ္စရပ်များ ပါဝင်မည်ဖြစ်ပါကြောင်း၊ ဥပမာ  ရွေးကောက်ပွဲ မကျင်းပရသေးသည့် ဒေသများကိစ္စရပ်လည်း ပါဝင်မည်ဖြစ်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် ထိရောက်ခိုင်မာသည့် Ceasefire ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို မည်သို့ ဆောင်ရွက်မည်များ ပါဝင်မည် ဖြစ်ပါကြောင်း၊ နှစ်ဖက်တပ်များ ထိပ်တိုက်တွေ့ဆုံမှုမှ ရှောင်ရှားနိုင်ရန်   သဘော တူညီချက်များ ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ အကယ်၍ ယင်းသဘောတူညီချက်များကို  တစ်ဖက်ဖက်က ချိုးဖောက်မှုများရှိလာပါက မည်သို့ဆောင်ရွက်မည်ဆိုသည့် Conflict resolution  ကို မည်သို့ဆွေးနွေးကြမည် ဆိုသည့်အပိုင်းများ ပါဝင်မည်ဖြစ်ပါကြောင်း၊  တိုက်ပွဲများမဖြစ်ပွားရေးအတွက် တပ်နေရာ ချထားရေးကိစ္စဖြစ်ပါကြောင်း။

ရွေးကောက်ပွဲရလဒ်အပေါ်တွင် မြောက်ပိုင်းအဖွဲ့သုံးဖွဲ့၊ လေးဖွဲ့၊  FPNCC ခုနစ်ဖွဲ့လုံးက  ကြိုဆိုထား ပါကြောင်း၊ တက်လာမည့် အစိုးရအသစ်နှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက် ရန်မျှော်လင့်သည်ဆိုသည့် အကြောင်းကိုလည်း အားတက်ဖွယ်ရာ တွေ့ရပါကြောင်း၊ ယင်းအနေအထား၌ လာမည့်ဆွေးနွေးပွဲများတွင် ဆွေးနွေးသည့်ပုံစံများသည် ယခင် နှင့် အနည်းငယ်ကွာသွားနိုင်ပါကြောင်း၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အပိုင်းတွင်လည်း Common Position ရအောင်  ဆွေးနွေးထားပြီး ဖြစ်ပါကြောင်း၊  အစိုးရအနေဖြင့် မြောက်ပိုင်းလေးဖွဲ့နှင့် ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ မြောက်ပိုင်း လေးဖွဲ့ဘက်က တုံ့ပြန်ချက်ကို မိမိတို့ စောင့်ဆိုင်းနေသည့် သဘောဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သတင်းမီဒီယာများ မေးမြန်းသည့်မေးခွန်းများနှင့်ပတ်သက်၍  ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းလင်းဖြေကြား ကြောင်း သိရသည်။

မျိုးမင်းနိုင်