ရန်ကုန် သြဂုတ် ၁၇
ပြည်ပသို့ရွှေတင်ပို့ရာတွင် Letter of Credit (LC) စနစ်ဖြင့်သာ တင်ပို့ခွင့်ပြုခြင်းကြောင့် အခက်အခဲများ ရှိနိုင်ပြီး တရားမဝင် ရောင်းချမှုများလည်း ရှိလာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ထံမှ သိရသည်။
ပြည်ပမှ တရားမဝင် ငွေကြေးများ ဝင်ရောက်မှုကိုတားဆီးရန် ပြည်ပသို့ ရွှေနှင့် လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြု လုပ် ထားသော ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများ တင်ပို့ တင်သွင်းလိုင်စင်များကို LC စနစ်ဖြင့်သာ ခွင့်ပြုတော့ မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ကြောင့် တင်ပို့သူများအတွက် အခက်အခဲ ရှိလာနိုင်ကြောင်း သိရသည်။
''ပြည်ပကိုရွှေတင်ပို့ရာမှာ LC စနစ်နဲ့ပဲခွင့်ပြုမယ်။ Telegraphic Transfer (TT) စနစ်နဲ့ ခွင့်မပြုတော့ဘူး ဆိုပြီး တရားဝင် ထုတ်ပြန် လိုက်တယ်။
ရွှေကပြည်ပ တင်ပို့ဖို့ လိုင်းလေး ပွင့်လာခါစရှိသေးတယ်။ ဒီဘက်က ကန့်သတ်လိုက်တဲ့ အတွက် ရွှေတင်ပို့ဖို့ နှောင့်နှေး သွားတယ်။
LC စနစ် နဲ့ကတော့ သိပ်အဆင် မပြေဘူး''ဟု ဦးမျိုး မြင့်ကပြောသည်။ LC စနစ်ဖြင့် တင်ပို့ရာတွင် ပစ္စည်း ရောက်ရှိပြီး မှသာ တစ်ဖက်က ငွေလွဲှသည့် အတွက် ပို့ဆောင် စရိတ်များနှင့် တင်ဒါကိစ္စ များအပါအဝင် တင်ပို့ချိန် တစ်လခန့် ကြာမြင့် သောကြောင့် စတင်ချိန်နှင့် ငွေပေးချေချိန်သည် တစ်လခန့်ကြာမြင့်မည်ဖြစ်၍ အခက် အခဲများ ရှိနိုင်ကြောင်း သိရသည်။
''တင်ပို့တဲ့သူတွေ အနေနဲ့ အခက်အခဲ အများကြီး ရှိသွားနိုင်တယ်။ အရင်လို တရားဝင်ရောင်းလို့ ဝယ်လို့ မရ တော့ဘူး။ အခုလိုလုပ်ခြင်းအားဖြင့် မှောင်ခိုလိုင်းကိုပြန်ပြီး အားပေးလိုက်သလို ဖြစ်သွားနိုင် ပါတယ်။ ကျွန်တော်တို့ ကတော့ တရားဝင် လမ်းကြောင်းကနေ သွားချင်တာပေါ့'' ဟု ဦးမျိုးမြင့်က ပြောသည်။
LC စနစ်အပြင် TT စနစ်ဖြင့်လည်း ခွင့်ပြုပေးပါက တရားမဝင်လမ်းကြောင်းများ ပေါ်ပေါက်လာခြင်း မရှိနိုင် ကြောင်း သိရသည်။
နေနေ