အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)မှ စစ်မှုထမ်းဟောင်းနှင့် မိသားစုဝင်များ၊ မြရည်နန္ဒာရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ စားသောက်ကုန်များနှင့် Mask များ ပေးဝေလှူဒါန်း

အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)မှ စစ်မှုထမ်းဟောင်းနှင့် မိသားစုဝင်များ၊ မြရည်နန္ဒာရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ စားသောက်ကုန်များနှင့်  Mask  များ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၁၄
    
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများ စာရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask များအား အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်၊ မဲကင်းကုန်းကျေးရွာရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)မှ စစ်မှုထမ်း ဟောင်းများနှင့်မိသားစုဝင် အိမ်ထောင်စု ၂၅၀ စုနှင့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်ရှိ အကွက်အမှတ်၊ မမ/၁၄ မှ အိမ်ထောင်စု ၂၅၀ စုတို့အတွက် ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask  များကို နယ်မြေခံတပ်မတော်သားများက စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၊ ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။