ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရမ်ပူရပ်ကွက် နယ်မြေ(၁၃)၌ ဇန်နဝါရီ ၁၄ ရက် နံနက် ၃ နာရီ ၅၄ မိနစ်တွင် ဝိုင်ယာကြိုးအပူလွန်ကဲရာက နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နယ်မြေ(၁၃)နေ ဦးတီဖူးလဲ့ ၄၂ နှစ် ပိုင်ဆိုင်သော(ပေ ၂၀-၂၀) အုတ်ညှပ်၊ ထရံကာ၊သွပ်မိုးနှစ်ထပ်နေအိမ်၏ အပေါ်ထပ်တွင်တပ်ဆင်ထားသော ပလတ်ပေါက်ဝိုင်ယာ ကြိုးအပူလွန်ကဲရာက အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်း ဦးစီးသည့်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်လေးစီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ကြသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးတီဖူးလဲ့အားမြစ်ကြီးနားမြို့ နယ်မြေရဲစခန်းက (ပ)၁၆/၂၈၅/၂၀၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။