ဟံသာဝတီယူနိုက်တက်အသင်း လာမည့်ဘောလုံးရာသီအတွက် ဖေဖော်ဝါရီ ၄ ရက်တွင် စတင် လေ့ကျင့်ရန်လျာထား

 

မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီအတွက် ဖေဖော်ဝါရီ ၄ ရက်တွင် စတင်လေ့ကျင့်ရန်လျာထားကြောင်း အသင်းအထွေထွေမန်နေဂျာ ဦးထွန်းထွန်း လင်းကပြောသည်။

၂၀၂၀   မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင်   ဒုတိယဆုရရှိခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများအပြင် AFC Cup ခြေစစ်ပွဲ Play-Off အဆင့်လည်း ယှဉ်ပြိုင် ရမည်ဖြစ်သည်။

“အသင်းကို ဖေဖော်ဝါရီ ၄ ရက်မှာ စတင်လေ့ကျင့်ဖို့လျာထားပါတယ်။ လိဂ်-၁ ပြိုင်ပွဲက ဧပြီလမှာစမှာဖြစ်လို့ ဖေဖော်ဝါရီလမှာ စတင်ပြင်ဆင်မယ်ဆိုရင် အချိန်လုံလောက်နိုင်ပါတယ်။ AFC Cup ခြေစစ်ပွဲကို မေလမှာ   ကစားရမယ်လို့သိထားပါတယ်”ဟု   ဦးထွန်းထွန်းလင်းကပြောသည်။

လာမည့်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်   အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဧပြီလအတွင်း   စတင် ကျင်းပရန်လျာထားကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။