အမရပူရမြို့နယ်၊ ထန်းတောရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့်  Mask  များ ပေးအပ်လှူဒါန်း

အမရပူရမြို့နယ်၊ ထန်းတောရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့်  Mask  များ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

    
COVID-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများ စာရေးအဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် ြေျု များအား အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင် မြေမြို့နယ်၊ သံလျက်မော်အရှေ့ရပ်ကွက်၊ အရှေ့ပတ္တာရပ်၊ အကွက်အမှတ် ၄၁၂ ရှိ အိမ်ထောင်စု ၅၀၀ စုအတွက် ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့်  Mask များကို နယ်မြေခံတပ်မတော် သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။