ကချင်ပြည်နယ် အီမောဘွမ်း ရေခဲတောင်ကို တောင်တက်ခရီးစဉ်ဒေသ အဖြစ် အကောင်အထည်ဖော်ရန် စီစဉ်

မြစ်ကြီးနား၊ ခရီးသွား

ကချင်ပြည်နယ် ချီဖွေမြို့အနီးရှိ အီမောဘွမ်း ရေခဲတောင်ကို တောင်တက်ခရီးစဉ် ဒေသအဖြစ်    အကောင် အထည် ဖော်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (မြစ်ကြီးနား) ဦးစီးမှူး ဦးလှိုင်ဝင်း အောင်၏ ပြောကြားချက်အရ   သိရသည်။

ထိုသို့ အကောင်အထည်ဖော်နိုင်ရန်  ခရီးသွားလုပ်ငန်းရှင်များ အသင်းနှင့် ဟိုတယ်နှင့်    ခရီးသွားညွှန်ကြားမှု ဦးစီး ဌာနတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ လက်ရှိတွင်   COVID-19 ရောဂါ အခြေအနေကြောင့် ယင်းအစီအစဉ်ကို   ရပ်ဆိုင်း ထားရသော်လည်း  ပြန်လည်ဆောင်ရွက်ခွင့် ရချိန်တွင် ဆက်လက ်ဆောင်ရွက်မည်ဖြစ်သည်။ ယင်း အတွက် ယခုနှစ် မတ်လတွင် အီမောဘွမ်း ရေခဲတောင်ကို တောင်တက်ခရီးစဉ်ဒေသ အဖြစ် အကောင်အထည် ဖော်ရန် ရန်ကုန်မြို့နှင့်   ကချင်ပြည်နယ်   မြစ်ကြီးနားမြို့မှ   ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီး   လက်ရှိတွင် ဆက်လက် ဆွေးနွေးမှု မရှိသေးကြောင်း သိရ သည်။

''ရေခဲတောင်ခြေကို ကားနဲ့ သွားလို့ရတဲ့ အထိ သွားတယ်။  အဲဒီကနေစပြီး   တက်မယ်ဆိုရင် အနည်းဆုံး လေး ရက်၊ ငါးရက် လောက်တော့ တက်ရမှာ ဖြစ်ပါတယ်'' ဟု ဦးလှိုင်ဝင်းအောင်က ပြောသည်။

အီမောဘွမ်း ရေခဲတောင်တည်ရှိရာ ချီဖွေမြို့သည်   မြစ်ကြီးနားမြို့မှ  မော်တော်ယာဉ်ဖြင့် သွားပါက တစ်ရက်ခန့် ကြာမြင့် ကြောင်း၊  ယင်းဒေသကို  တောင်တက်ခရီး စဉ်ဒေသအဖြစ်    အကောင်အထည်ဖော်ရန်    သက်ဆိုင်ရာ ဝန်ထမ်းများ ကိုလည်း သင်တန်းပေးပြီးဖြစ်ကာ လိုအပ်သည်များကို ပြင်ဆင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး