အော်ဂဲနစ်ဆိုင်ရာ မူသတ်မှတ်ချက်ပြဋ္ဌာန်းပြီးပါက လမ်းညွှန်ချက်များအဖြစ် သတ်မှတ်ဆောင်ရွက်မည်

အော်ဂဲနစ်ဆိုင်ရာ မူသတ်မှတ်ချက်ပြဋ္ဌာန်းပြီးပါက လမ်းညွှန်ချက်များအဖြစ် သတ်မှတ်ဆောင်ရွက်မည်

အော်ဂဲနစ်ဆိုင်ရာ   မူသတ်မှတ်ချက် ပြဋ္ဌာန်းပြီးပါက  ထောက်ခံချက်ပေးရေး ဆိုင်ရာ  လမ်းညွှန်ချက်များအဖြစ်  သတ် မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
အော်ဂဲနစ်ထောက်ခံချက် လက်မှတ် ထုတ်ပေးရေးစီမံချက်၊ လမ်းညွှန်ချက်များ နှင့် စိုက်ပျိုးရေးစစ်ဆေးခြင်းဆိုင်ရာ လမ်း ညွှန်ချက် စတုတ္ထမူကြမ်းများအပေါ် ထပ်မံ ဖြည့်စွက်အတည်ပြုနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။
အော်ဂဲနစ်စနစ်ဖြင့်  ထုတ်လုပ်သည့် သီးနှံများသည် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးကို  ဦးစားပေးကာ  ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ သော စိုက်ပျိုးရေးလုပ်ငန်းဖြစ်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်သူအားလုံးက အော်ဂဲ နစ်စံချိန်စံညွှန်းပြည့်မီရေးအတွက်  သတ် မှတ်ထားသော   စည်းကမ်းချက်များကို  လိုက်နာကြရန် လိုအပ်ကြောင်း သိရသည်။

စတုတ္ထမူကြမ်းကို    ထပ်မံညှိနှိုင်းပြီး ထောက်ခံချက်ပေးတဲ့အဖွဲ့အားလုံး လိုက်နာ ကိုးကားနိုင်မယ့် ထောက်ခံချက်ပေးရေးဆိုင် ရာ  လမ်းညွှန်ချက်တွေအဖြစ် သတ်မှတ် ဆောင်ရွက်မှာဖြစ်ပါတယ်}ဟု စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းကပြောသည်။
ထောက်ခံချက်ပေးရေး  စီမံချက်အရ အော်ဂဲနစ်ကြီးကြပ်ရေးအဖွဲ့နှင့် ထောက်ခံ ချက်ပေးရေးအဖွဲ့များကို ဖွဲ့စည်းပြီး နိုင်ငံ တော်အဆင့် အော်ဂဲနစ်ထုတ်ကုန်များကို  ကြီးကြပ်ပိုင်ခွင့်အခွင့်အာဏာရှိ အဖွဲ့များအဖြစ်  အသိအမှတ်ပြုနိုင်ရန်  မြန်မာနိုင်ငံ  စံချိန်စံညွှန်းများကို  အပြည်ပြည် ဆိုင်ရာ   စံချိန်စံညွှန်းများနှင့်ကိုးကား၍ ချမှတ်ခွင့်ရှိသည့် သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနသို့ ဆက်လက်တင်ပြ မည်ဖြစ်သည်။

အဆိုပါထောက်ခံချက်သည်   နိုင်ငံ တကာက  လက်ခံထားသည့် အာဆီယံ အော်ဂဲနစ်စံချိန်စံညွှန်းနှင့် ကိုက်ညီသော အချက်များ    ပြည့်စုံရမည်ဖြစ်ကြောင်း၊ Private  Sector  (Third Party)   ၏  အော်ဂဲနစ်အရည်အသွေး  စစ်ဆေးရေးဆိုင်ရာကို အစိုးရအဖွဲ့အစည်းက သတ်မှတ် ပြဋ္ဌာန်းစိစစ်ပေးပြီး   တောင်သူပညာပေး လုပ်ငန်းများနှင့်   ပါဝင်ဆောင်ရွက်သူများကို အဆင့်ဆင့်သင်တန်းများပေးကာ ဆောင်ရွက်ခြင်းဖြင့် ပြင်ပအဖွဲ့အစည်းများ ထံ ဆက်လက်လွှဲပြောင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။  
သုသု