နေပြည်တော်၊ သြဂုတ် - ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်း ရေမြင့်တက်လာသဖြင့် မြို့မရပ်ကွက် အနိမ့်ပိုင်း၊ ကျောက်ဝိုင်းရပ်ကွက်၊ ငှက်ပျောတော ရပ်ကွက်နှင့် မရှီကထောင်ရပ်ကွက်များသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ သြဂုတ် ၁၇ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။