အဆင့် (၄) အတွင်းမဝင်နိုင်လျှင် ဘုတ်အဖွဲ့က လမ်းပတ်ကို ထုတ်ပယ်မည်

 

ချယ်လ်ဆီးအသင်းသည် နောက်ဆုံးကစားခဲ့သည့် ရှစ်ပွဲတွင်  ငါးပွဲအထိရှုံးခဲ့ရသည့်အတွက်  အသင်း ဘုတ်အဖွဲ့က နည်းပြလမ်းပတ်၏ အတွေ့အကြုံနည်းပါးမှုကို သံသယဝင်နေကြပြီး  အသင်းအနေဖြင့် အဆင့် (၄) အတွင်းဝင်နိုင်မည့် အနေအထားပြန်မရောက်ပါက ၎င်းအားထုတ်ပယ်ရန်  စီစဉ်နေကြ ကြောင်း သိရသည်။

လက်ရှိအချိန်အထိ  ချယ်လ်ဆီးဘုတ်အဖွဲ့သည်  နည်းပြလမ်းပတ်အပေါ်  ယုံကြည်မှုထားပေးနေသော် လည်း  အသင်းအနေအထားမှာ  ပြန်လည်တိုးတက်ကောင်းမွန်လာခြင်းမရှိပါက ဘုတ်အဖွဲ့က အသင်း ပိုင်ရှင် မိုဗစ်ချ်ထံတင်ပြပြီး လမ်းပတ်နေရာတွင်  အတွေ့အကြုံရင့်နည်းပြတစ်ဦး  အစားထိုးရန် စီစဉ်နေ သည်ဟု အသင်းအတွင်းလူတစ်ဦးကပြောသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီဈေးကွက်တွင် ကစားသမားကောင်းများကို ငွေသုံးအများ ဆုံးအသင်းအဖြစ် ပေါင်သန်း ၂၃၀ အထိသုံးစွဲပြီး ဝယ်ယူအားဖြည့်ခဲ့သော်လည်း လမ်းပတ်က လက်ရှိ အသင်းအင်အားသည် အတွေ့အကြုံပိုင်းလိုအပ်ချက်ကြောင့် ချန်ပီယံဆုစိန်ခေါ်နိုင်သည့်အဆင့်မျိုး မရှိဟုပင် ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် အသင်းဘုတ်အဖွဲ့က စိတ်ပျက်ခဲ့ရခြင်းဖြစ်သည်။